Chapter 5 🚨

18.7K 2.1K 109
                                    

Chapter 5 : အလှလေးကို ရအောင်ယူမည်။

ဖေးယိယန်သည် တဇောက်ကန်း လူ့ဂွဇာသာ ဖြစ်၏။ သူ လုပ်ရာကို လုပ်တတ်ကာ၊ ရအောင်ယူတတ်သည့်အကျင့်ရှိနေသည်။ သူ့ကိုသူလည်း လူကောင်းတစ်ယောက်ဟု မခံယူထား။ လူကောင်း ဖြစ်ရတာ ပင်ပန်းလွန်းသည်မဟုတ်ပါလား။

လိုချင်ရင် ရအောင် ဖန်တီးယူလေ...။
ဆုတောင်းတွေ ဘေးချိတ်။ လုပ်ရာအရင်လုပ်ပြီးမှ ဖြေရှင်းသင့်တာကို ဖြေရှင်း။ ဒါက သူ့ဘဝနေနည်းသာ။

ဖေးယိယန်က ဘဝကို easy mode ဖြင့် ဖြတ်သန်းချင်ပြီး၊ အမြဲ ပျင်းရိချင်သည့်လူသာ ဖြစ်၏။
သို့သော် ချစ်ရသူအတွက်တော့
အစွမ်းကုန် ကြိုးစားကာ ကပ်တွယ်တတ်၏။
ချစ်ရသူဆိုပါလျှင် မည်မျှလောက်
ပင်ပန်းနေရပါစေ...သူ မမှုတတ်။

" အလှလေး..."

ခပ်သဲ့သဲ့ အသံချိုရှရှသည် မူးရီဝေနေသည့်
ထျန်းမော့ချီ၏ နားစည်ထဲသို့... ငြိမ့်ညော
သိမ်မွေ့သည့်သားချော့တေး၏
ညက်ညောခြင်းအလား တိုးဝင်လာချေသည်။

ဒီလူ... အခု ဘာလုပ်ချင်နေသည်လဲ။
သူ ထင်သလို မဟုတ်ဘူးမှတ်လား။
အိုမီဂါတစ်ယောက်က ဒီလောက်အထိတော့
မလုပ်ရဲလောက်ပါဘူးနော်....။

သူ့ခန္ဓာကိုယ်ထက် ရွှေ့လျားနေခဲ့သော
လက်ချောင်းတို့၏ အငွေ့အသက်သည် ထျန်းမော့ချီအတွက် ထူးဆန်းတုန်လှုပ်စရာကောင်းနေ၏။
သားရဲတစ်ကောင်က သူ့၏အမဲလိုက်သားကောင်အပေါ် ညင်သာခြင်းကဲ့သို့ နူးညံ့နေခဲ့ပါသော
နူတ်ခမ်းသားနုနုတို့သည်...သူ့ခန္ဓာကိုယ်နေရာအနှံ့သို့...စိတ်တိုင်းကျ ဖြန့်ကျဲပေးနေခဲ့သည်။ ပင်လယ်၏မြေသင်းရနံ့နှင့်တူညီနေသော...အိုမီဂါ၏ ရနံ့သည် သူ့၏အယ်ဖာအတွင်းစိတ်ကို လွှမ်းမိုးနေသည့်အလား...သူ့တစ်ကိုယ်လုံးကို ရစ်သိုင်းခြုံဖွဲ့နေ၏။

" ခင်_ခင်ဗျား ရူးနေတာလား?"

စိတ်အစုံကို တင်းထားလျှက်၊ ထိုအရှက်မဲ့သည့်အိုမီဂါကို မာန်မဲကာ ထျန်းမော့ချီ စိတ်ထိန်းနေမိသည်။
သူ စိတ်လွှတ်သွား၍ မရပေ။ ဒီတဇောက်ကန်း အိုမီဂါ၏ လက်ထဲ သူ့ဘဝကို မသက်ဆင်းချင်။

(သူတို့တွေ ပြောကြတာက 'မင်းက အိုမီဂါ'ပါတဲ့!)他们说 ' 你是 OMEGA' [ Completed ] حيث تعيش القصص. اكتشف الآن