Extra 2

7.1K 862 34
                                    

Extra 2

“ အဲ့ဒီမှာ ရပ်လိုက်စမ်း!
ခင်ဗျား ဘယ်က ပြန်လာတာလဲ?!”

အိမ်ထဲ ကုပ်ချောင်းကုပ်ချောင်း ဝင်လာသည့် ဖေးယိယန်ဟာ ထျန်းမော့ချီ၏ ဆောင့်ဖမ်းခြင်းကို ခံလိုက်ရရှာတော့သည်။

“ ဟိုလေ...ကိုယ် လျှိုယောင်ဆီကနေ ပြန်လာတာပါ”

ထျန်းမော့ချီ မျက်နှာတင်းတင်းဖြင့်
ကလေးနှစ်ယောက်ကို ပွေ့ချီ ချော့သိပ်ရင်းကနေ...
ဖေးယိယန်ကို ကြည့်လာ၏။

“ ခင်ဗျားနော်! အချိုးပြေပြေနေ!
ကိုယ့်ကိုကိုယ် လူပျိုလူလွတ်လို့ ထင်မနေနဲ့!”

ဖေးယိယန် ခေါင်းလေးငုံ့ရင်း ထျန်းမော့ချီ၏
ညတိုင်း ပေါက်ပေါက်ဖောက် ဆူသံလေးကို
ချော့သိပ်သည့် သီချင်းသံလေးအလား
နားထောင်နေလိုက်၏။

“ အားနေ အလေနက်တောလိုက်ဖို့ပဲ
မပြောချင်လို့ကြည့်နေတာကြာပြီ...”

“ သားနဲ့သမီးကို အချိန်မပေးနိုင်လောက်အောင်အထိ ခင်ဗျား ဘာတွေများ အလုပ်ရှုပ်နေတာလဲ? ဟမ်?”

“ ကိုယ် မှားပါတယ်”

ထျန်းမော့ချီသည်
ဖေးယိယန်၏ ‘ ကိုယ် မှားပါတယ်’ ဆိုသည့် စကားကို
အမြဲလိုလို ကြားခဲ့ရပြီမို့ ဒေါသထွက်လာတော့သည်။

ပြီးနောက် အကြည့်တို့သည် လက်ဖျံနေရာဆီ ရောက်သွားတော့ စိုးရိမ်သည့်အကြည့်လေးအဖြစ်ပြောင်းသွားပြန်တော့သည်။

ကလေးနှစ်ယောက်ကို ချော့သိပ်ပုခက်ခြင်းလေးထဲ ဖြေးဖြေးလေး ချကာ ဖေးယိယန်အနားသို့
စိုးရိမ်တကြီး သွားလိုက်မိတော့သည်ပင်။

“ လက်က ဘာလို့ပေါက်ပြဲလာရတာလဲ?
ခင်ဗျားကို ဘယ်သူအနိုင်ကျင့်လိုက်တာလဲ?”

ဖေးယိယန် အလှလေး၏ ခေါင်းလေးကို ပွတ်သပ်လိုက်ရင်း ရယ်မောကာ၊ ဖြစ်ခဲ့သမျှ ပြောပြလာတော့သည်။

ထျန်းမော့ချီကတော့ မျက်မှောင်တို့ တွန့်ကွေးလုမတတ်။

“ အဲ့ဒီအိုမီဂါကများ ခင်ဗျားကို
ဒီစကားပြောတယ်ပေါ့လေ! သူများယောကျာ်းကို
လာစနိုက်တာပဲ”

(သူတို့တွေ ပြောကြတာက 'မင်းက အိုမီဂါ'ပါတဲ့!)他们说 ' 你是 OMEGA' [ Completed ] Where stories live. Discover now