Chapter 10 (Ending)

18.1K 2.1K 178
                                    

Chapter 10: ကိုယ်က မင်းကိုပဲ ချစ်မှာ.... ထာဝရ။  (Ending)

ဖေးယိယန် နိုးလာတော့၊ မျက်နှာကြက်ဖြူလွှလွှကို မြင်လိုက်ရ၏။ သူ့အသိစိတ်သည် အနည်းငယ်
ရီဝေနေကာ၊ အဆင်မပြေဖြစ်နေ၏။

" ထျန်းမော့ချီ...."

သူ သတိရရလာခြင်း ရေရွတ်မိသည်မှာ သူ့အယ်ဖာလေး၏အမည်နာမသာ။

" ကျွန်တော် ရှိပါတယ်"

ထျန်းမော့ချီသည် သူ့အနားကို ပြေးလာကာ၊ ဆရာဝန်ခေါ်သည့်ခလုတ်ကို နှိပ်ပြီး၊ သူ့ကို ခပ်တင်းတင်း ထွေးဖက်လာ၏။

သူ့ပခုံးပေါ်က နွေးထွေးသော စိုစွတ်မှုကြောင့် ထျန်းမော့ချီ ငိုနေသည်ကို ဖေးယိယန် သိလိုက်ရသည်ပင်။
ဘာလဲ။ သေလောက်တဲ့ရောဂါ ရနေတာတော့ မဟုတ်ဘူးမှတ်လား။

ရှိုက်ကြီးတငင် ငိုကြွေးကာ သူ့ကို တင်းကြပ်စွာ ဖက်ထားမှုကို ဖေးယိယန် တိတ်တဆိတ်ပင် ခံယူနေမိ၏။ သေရမည်ဆိုလျှင်...သေပျော်သည့် အနေအထားပင်။ မဆိုးပါဘူးလေ...။ အနည်းဆုံးတော့ သူ့ချစ်ရသူကို ပိုင်ဆိုင်သွားခဲ့ဖူးသည် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ထျန်းမော့ချီက စိတ်ထားနုတော့၊ သူ့ကို တစ်သက်လုံး မေ့သွားတော့မည်မဟုတ်ပေ။
သူ(ဖေးယိယန်) က သူ့(ထျန်းမော့ချီ)နှလုံးသားထဲမှာ လက်ကမ်းမမှီနိုင်သည့် လရိပ်လေးလို ဖြစ်သွားမှာမို့ ခံသာပါသေးသည်။

" တိတ်....တိတ် မငိုပါနဲ့ကွာ။
ဘာမှမဖြစ်ပါဘူး...။ မငိုနဲ့တော့နော်။ ကိုယ် အလှလေး ငိုတာ မကြည့်ရက်ဘူးရယ်"

" ဟိုလူနာရှင်! လူနာ အသက်ရှုကြပ်နေတော့မှာပဲဗျာ!
ဖယ်...။ ဖယ်...။ အသက်ရှုကြပ်အောင်
သွားလုပ်မနေ_အယ်! "

ဆရာဝန်က အလှလေးကို မာန်မဲလိုက်တော့၊
ဖေးယိယန် ဆရာဝန်ကို အကြည့်တစ်ချက်ပစ်သွင်းလိုက်ချိန်၊ ဆူလက်စ စကားက ထစ်ငေါ့သွား၏။

" ဟုတ်ကဲ့...မဖက်တော့ပါဘူး"

" ကြည့်ပေးပါအုံး...ကျွန်တော့်အိုမီဂါကို...။ အခုရော အဆင်ပြေရဲ့လားလို့။  "

ဆရာဝန် role လွှဲနေသည့် အတွဲကို ကြည့်ကာ၊ စိတ်ကုန်စွာ ခေါင်းယမ်းမိလိုက်သည်။
သူ ဒီလို ခွေးစာတွေ မစားချင်ပေ။

(သူတို့တွေ ပြောကြတာက 'မင်းက အိုမီဂါ'ပါတဲ့!)他们说 ' 你是 OMEGA' [ Completed ] Where stories live. Discover now