Extra 4

6.4K 778 32
                                    

Extra 4

လျှိုယောင် မိမိကို အချိန်အပိုင်းအလုပ် လာရှာခိုင်းနေသည့် ဖေးယိယန်ကို  ကြည့်မိလိုက်သည်။ အလုပ်လာရှာခိုင်းသည့် ရုပ်ကိုက အထက်စီးမျက်နှာဖြင့်၊ တစ်လောကလုံးက သူ့လုပ်စားထိုင်စားနေရသည့် ရုပ်ရည်ဟန်မျိုးမို့ ဖြတ်ချချင်စရာ ကောင်းလှပေသည်။

" ငါ အချိန်ပိုင်းအလုပ်ကို မနက် ၁၀ နာရီ လောက်ကနေ စတာကို လိုချင်တယ်။ နေ့လည် ၃နာရီခွဲ ပြန်ဆင်းမယ်။ ငါ့အတွက် အလုပ်ရှာပေး..."

" ထျန်းမော့ချီ လုပ်ကျွေးတာကို ငြိမ်ငြိမ်လေး ထိုင်စားပြီး၊ မင်းကလေးတွေ မင်း ထိန်းနေပါလားကွာ...။ တခြားသူတွေကို ဒုက္ခပေးဖို့ မကြံစမ်းပါနဲ့..."

ဖေးယိယန် ဘာစကားမှမဆိုဘဲ၊ မေးထောက်ကာ၊ လက်တစ်ဖက်က ပျင်းတိပျင်းရွဲဖြင့်  ဆေးလိပ်ကို ဟန်ပါပါရှိုက်နေခဲ့သည်။ ဆေးလိပ်၏ အဖြူရောင်တိမ်စိုင်လို အငွေ့အသက်တို့ကို မျက်နှာသေဖြင့် ငေးမောရင်း....။

" ငါ အလှလေး ပင်ပန်းနေတာ မကြည့်ရက်ဘူးကွာ..."

လျှိုယောင် စိတ်ထဲကနေ ဆဲရေးမိချေတော့သည်။ သူ့အလှလေးကဖြင့် ကြော့ကြော့မော့မော့နဲ့ ကုမ္ပဏီကို ဦးစီးပြီး၊ ဘာမှမပင်ပန်းဘဲ၊ လက်အောက်ငယ်သားတွေကို ခိုင်းရုံလေးပဲကို သက်သက် သောက်ပိုလုပ်အဖြစ်သည်းပြနေသည်လေ။

အကြောင်းမသိရင် ခက်မည်! ဖေးယိယန် ကလေးတွေ မထိန်းချင်ဘဲ ၊ လက်ယားလက်ယား လျှောက်သွားချင်နေတာပင်။

" ထျန်းမော့ချီက ဘာပင်ပန်းတာလုပ်နေရလို့လဲ! မင်းကိုက အဖြစ်သည်းနေလိုက်!"

" မင်းလို လက်မထပ်ရသေးတဲ့အကောင်က ဘာသိမှာမှတ်လို့လဲ? မသိရင် ပါးစပ်လေးပိတ်နေလိုက်"

လျှိုယောင် မျက်စောင်းခဲရင်း၊ သွားကြိတ်မိလိုက်ချေသည်။ အလကားနေ၊ အလကား၊ သူ လက်မထပ်ရသေးသည့်ကိစ္စကိုပဲ အစလာရှာနေသည့် ဖေးယိယန်ကို ဒေါခွီးလာရသည်။

ဟိုသောက်တုံးကောင်...သွမ့်ဝေကလည်း စားပြီး နားမလည်လုပ်သွားသည့် အကောင်! သူ့ကို အခုထိကို လက်ထပ်ခွင့်မတောင်းသေး!

(သူတို့တွေ ပြောကြတာက 'မင်းက အိုမီဂါ'ပါတဲ့!)他们说 ' 你是 OMEGA' [ Completed ] Where stories live. Discover now