Extra 3

6.9K 865 57
                                    

Extra 3

ဖေးယိယန် အပူတပြင်း အပြေးတလွှားဖြင့် သူ့၏ ကလေးတွေနှင့် ထျန်းမော့ချီတို့ရှိရာသို့ ရောက်ရှိလာလေသည်။

တည်တင်းနေသည့် မျက်နှာထားနှင့်
ထျန်းမော့ချီသည် ဖေးယိယန်ကို မြင်လိုက်ချိန်မှာပဲ၊ ထျန်းမော့ချီ၏ တိမ်အညိုရောင်မျက်ဝန်းကြည်တို့သည် ဖြတ်ခနဲ ရွန်းပစိုလဲ့သွားသလို၊ အားကိုးရှိသွားသည့်ဟန်ဖြင့် ဖေးယိယန်ကို လှမ်းကြည့်လာ၏။

ဂျစ်စောင်းစောင်းဖြင့် ရန်ထောင်နေသည့် ကလေးမလေးနှင့်၊ ထိုကလေးမလေး၏ လက်ကို အားကိုးတကြီး ဆုပ်ကိုင်ထားသည့် ကလေးလေးတစ်ဦး။

ထျန်းမော့ချီ၏ အညိုရောင်မျက်ဝန်းတစ်စုံနှင့် ဖေးယိယန်၏ ခရမ်းသွေးရောင်မျက်ဝန်းတစ်စုံတို့ကို ဆက်ခံရရှိထားသည့် ထျန်းစစ်ရီ၏ အရောင်မတူသည့် မျက်ဝန်းတို့ဟာ မျက်ရည်တို့ဖြင့် အရည်လဲ့နေ၏။

ပါးဖောင်းဖောင်းနှင့် ကလေးမလေး ထျန်းဝေဝေ့ ကတော့ ခါးကို ထောက်ကာ၊ တခြားဘက်ကလူတွေကို ရန်စောင်နေလျှက်။

ကလေးမလေးက ဖေးယိယန်ကို မြင်ချိန်မှာ၊ လှစ်ခနဲ ပြေးလာပြီး တိုင်တန်းလေတော့သည်။ 

" ဒယ်ဒီ... ဝေဝေ့နဲ့ စစ်ရီက ကျောင်းမှာ လိမ်လိမ်မာမာလေးပဲ နေတာ သိလား? အာ့တာကို ဟိုဝတုတ်ကောင်က ဝေဝေ့တို့ကို အနိုင်လာကျင့်တာ။ ပုစိလေးပဲ ပြန်ရိုက်လိုက်တာကို ငိုပြေးသွားတာ... "

ဝေဝေ့လေးက နူတ်ခမ်းလေးချွန်ကာ၊ သူ့ဒယ်ဒီ၏ခြေထောက်ရှည်တွေကို ဖက်ရင်း၊ လက်ညိုးတထိုးထိုးဖြင့် ဝတုတ်တုတ်ကောင်လေးကို ညွှန်ပြနေလျှက်။

ဖေးယိယန် ထျန်းဝေဝေ့ကို ကောက်ပွေ့ရင်း၊ ထျန်းမော့ချီရင်ခွင်ထဲမှာ တရှုံ့ရှုံ့ ငိုနေသည့် ထျန်းစစ်ရီလေးကို ကြည့်ကာ၊ ဒေါသတို့ထွက်လာရ၏။

ပြန်ချပါလား။ ဘာလို့ အနိုင်ကျင့်ခဲ့ရတာလဲ?

ထျန်းစစ်ရီလေးက ထျန်းဝေဝေ့နှင့်မတူညီခဲ့။ ထျန်းဝေဝေ့သည် ဖေးယိယန်လို စိတ်ဆတ်ကာ၊ သွက်သွက်လက်လက် ရှိလေပြီး၊ ထျန်းစစ်ရီကတော့ သူ့အမွှာအစ်မဖြစ်သူ အနောက်မှာပဲ အမြဲကပ်နေလေ့ရှိကာ၊ လူကြောက်တတ်သည်။ ဒါ့ကြောင့်လည်း အမြဲလိုလို သူ့အစ်မဖြစ်သူ မရှိလျှင်၊ အနိုင်ကျင့်ခံရစမြဲ။

(သူတို့တွေ ပြောကြတာက 'မင်းက အိုမီဂါ'ပါတဲ့!)他们说 ' 你是 OMEGA' [ Completed ] Where stories live. Discover now