Extra 5

8.3K 826 54
                                    

Extra 5

ဖေးယိယန် မြှောက်ကြွမြှောက်ကြွဖြင့် မျောက်ကလေးနှစ်ကောင်၏ လက်ကို ဆွဲကာ၊ ကျောင်းကို လိုက်ပို့လိုက်၏။

" ဒယ်ဒီ ဘာလို့ ဒီလောက် ပြင်ဆင်ထားတာလဲဟင်? ဘယ်သွားမလို့လဲ?"

စစ်ရီလေးက သူ့ဒယ်ဒီကို မော့ကြည့်ရင်း၊ မေးမြန်းလာတော့၊ ဖေးယိယန် ငုံ့ကြည့်လိုက်မိသည်။

" ဘယ်မှမသွားပါဘူး။ ငါ့မျောက်လေးနှစ်ကောင်ကို လိုက်ပို့ပြီးရင် အပြင်ခဏသွားမလို့..."

စစ်ရီနှင့် ဝေဝေ့သည် မျောက်ကလေး' ဟု နာမည်ပြောင်ကို အကျင့်သားရနေပြီဖြစ်၍၊ သူတို့ဒယ်ဒီ၏ လက်နှစ်ဖက်ကို ခိုစီးနေကာ၊ ပျော်ရွင်နေကြသည်။

" ဟိုဝတုတ်ကောင်ရော အနိုင်ကျင့်သေးလား?"

" ဟင့်အင်း။ အခုဆို သားတို့က သူငယ်ချင်းတွေတောင် ဖြစ်နေပြီ..."

စစ်ရီလေး၏ မျက်ဝန်းတွေက သူ့ဒယ်ဒီကို တောက်ပစွာငေးကြည့်ရင်း.... ဆိုလာလေသည်။

ကျောင်းရှေ့ရောက်လေတော့၊ ဖေးယိယန်သည် ကလေးနှစ်ယောက်အရှေ့မှာ ဒူးကွေးလိုက်လေသည်။

ကလေးတွေက အလိုက်တသိ ဖေးယိယန်၏ မျက်နှာနှစ်ဖက်ဆီ မွခနဲ မြည်အောင် အာဘွားပေးလိုက်ပြီးနောက်၊ ကော့တော့ ကော့တော့ဖြင့် ကျောင်းထဲ ပြေးဝင်သွားလေတော့သည်။

ဖေးယိယန် ကျောင်းထဲ ဝင်သွားသော ကလေးငယ်နှစ်ဦးကို ငေးကြည့်လိုက်လေပြီးနောက်၊ သူ့ကုတ်အင်္ကျီကို ကြော့မော့စွာ သပ်တင်လိုက်ချေတော့သည်။

.

.

.

.

.

သွမ့်ဝေ၏Company အရှေ့၌ အသံချိုချိုတစ်ခုသည် ပေါ်ထွက်လာလေသည်။

" ကိုကို..."

စိမ်းသက်နေသည့် ခပ်တိုးတိုးလေသံသည် ဖေးယိယန်နားစည်သို့ ဝင်ရောက်လာသော်ငြား၊ သူ့နာမည်ကို ခေါ်တာ မဟုတ်သဖြင့် လှည့်မကြည့်မိ။

" ကိုကို...ကိုကိုဖေးယိယန်..."

ဆက်ခနဲ လှည့်လိုက်မိတော့၊ ကလပ်မှာ တွေ့ဖူးခဲ့သည့် အိုမီဂါလေး...။ ဖေးယိယန် ဆက်၍ မမြင်ချင်ယောင်ဆောင်လိုက်ပြီးနောက်၊ သွမ့်ဝေ၏ ကုမ္ပဏီသို့ ဦးတည်လိုက်လေသည်။

(သူတို့တွေ ပြောကြတာက 'မင်းက အိုမီဂါ'ပါတဲ့!)他们说 ' 你是 OMEGA' [ Completed ] Where stories live. Discover now