Chapter 6

16.4K 2K 217
                                    

Chapter 6:  မျောက်လေးတွေ မွေးပေးပြီး အယ်ဖာလေးကို ဘယ်မှ မသွားနိုင်အောင် လုပ်မည်။

တစ်ခန်းလုံး ဟော်မုန်းအငွေ့အသက်အပြည့်ဖြင့် လွှမ်းခြုံနေ၏။ ဖေးယိယန် ကုတင်နံဘေး၏
ထိုင်ခုံပုလေးပေါ်မှာ ခြေချိတ်ထိုင်ကာ၊ အိပ်ပျော်နေသည့် မျက်နှာလှလှကို ငေးနေခဲ့၏။ သူတို့တွေ
တစ်ပတ်အထိ heat ဝင်ကာ
ချစ်ကြွင်းဝင်ခဲ့ကြသည်။

တကယ်တမ်း...  ကုတင်ပေါ် လှဲနေသည့်သူသည်
သူ မဟုတ်သင့်​ပေဘူးလား။ ဖေးယိယန် စီးကရက်ကို ရှိုက်ကာ အငွေ့ဖြူလွလွတို့ကို ထျန်းမော့ချီထံ မှုတ်ထုတ်လိုက်သည်။ ဒီ အယ်ဖာလေးက သူ့ကို အင်မတန် စိတ်ဆိုးနေသည်လေ။ အသိဝင်လာတော့လည်း...စိတ်ကောက်သည်။ အသိမဝင်ခင်တုန်းကတော့ မရပ်မနား သားရဲတစ်ကောင်လို
လုပ်ခဲ့တာ သူ မဟုတ်သည့်အတိုင်း။ တရားကျဖို့ကောင်းလိုက်တာ။

" ကဲ...မှိုင်မနေစမ်းပါနဲ့...။
မနက်စာ ထစား။ ကိုယ် မနက်စာ
သွားဝယ်ပေးထားတယ်။ "

" လာစကားမပြောနဲ့!"
ဆူအောင့်အောင်လေသံသည် ပေါ်ထွက်လာ၏။

" အလှလေး...ကိုယ် စိတ်မတိုချင်ဘူးရော်။ ဘာလဲ နောက်တစ်ချီ ထပ်ဖြစ်ချင်တာလား။ ဒါဆို မထနဲ့"

ခြိမ်းခြောက်သည့် လေသံနှုန်းထားကြောင့် အလှလေးသည် ဆက်ခနဲ ထထိုင်တာကို ဖေးယိယန် စိတ်ကျေနပ်စွာ ကြည့်လိုက်သည်။
သူလည်း စကားအဖြစ်ပြောတာပါ။ တကယ်တမ်း ဒီအလှလေးကို စိတ်ကျေနပ်ဖို့ မစွမ်းနိုင်တော့ပေ။
ခုနှစ်ရက်ကြီးတောင် မရပ်မနားလုပ်မှတော့ ဒီလောက်တတ်တတ်ကြွကြွ ဖြစ်နေတာကိုပဲ ကိုယ့်ကိုကိုယ် ထိုင်ကန်တော့ရမည့် ကိန်း ရှိသည်။

" ထပြီ...။ ခင်ဗျားကြီး ကျွန်တော့်ကို ထပ်လာမထိနဲ့တော့"

ဖေးယိယန် အသံထွက်ရယ်မောကာ၊ လက်၌ ကိုင်ထားသည့် စီးကရက်ကို စီးကရက်ခွက်ထဲ ချေရင်း အလှလေးရှိရာ ကုတင်ဆီ လျှောက်လှမ်းသွားလိုက်သည်။

သူ့ဝေးရာ မသိမသာ ဆုတ်နေသည့် အလှလေးကို သူ့ထံ ဆွဲယူရင်း၊ နက်နဲစွာ ရှိုက်နမ်းကာ၊ အလှလေး၏ ခပ်ရဲရဲ နူတ်ခမ်းတို့ကို သွေးထွက်အောင် ကိုက်ခဲလိုက်ပြီး၊ ခပ်ပြင်းပြင်း စုပ်ယူလိုက်၏။ အလှလေး၏ လက်တို့သည် သူ့ရင်ဘတ်ကို အားမပါစွာ ထုရိုက်လာခဲ့ချိန်မှသာ လွတ်ပေးလိုက်သည်။

(သူတို့တွေ ပြောကြတာက 'မင်းက အိုမီဂါ'ပါတဲ့!)他们说 ' 你是 OMEGA' [ Completed ] Where stories live. Discover now