Chapter 9

14.7K 1.9K 123
                                    

Chapter 9: နောက်ဒီလိုမလုပ်တော့ပါဘူး။

ဖေးယိယန် မိမိအရှေ့မှာ ဒူးထောက်ပြီး၊ မျက်နှာငယ်လေးဖြင့် ထိုင်နေသည့် ထျန်းမော့ချီကို စိတ်ကုန်စွာ ကြည့်လိုက်ပြီး၊ ကုတင်ပေါ်မှာ မှောက်ခုံလေး လှဲနေလိုက်သည်။ ထ၍ မရပေပဲ။ ဒီခွေးသားက အိပ်ယာပေါ်မှာဆို တော်တော်လေး သောက်ကျင့်မကောင်းပေ။

" ကျွန်တော် နောက်ဒီလိုမလုပ်တော့ပါဘူး။"

ဖေးယိယန် ထျန်းမော့ချီကို လက်ညိုးကွေးကာ ခေါ်လိုက်၏။ ထျန်းမော့ချီ၏ မျှော်လင့်ချက် အပြည့်ဖြစ်နေသော မျက်လုံးအညိုတို့သည် ခွေးပေါက်လေးလို...တလဲ့လဲ့ဖြင့် သူ့အနား တိုးကပ်လာ၏။

" နောက်တစ်ခါ ထပ်လုပ်ရင်၊ ကိုယ်မင်းရဲ့ဟာကို ဖြတ်ပစ်မယ်။ ယုံလား။ မင်း မလုပ်နိုင်တော့မှ ကိုယ် မင်းကို အတုနဲ့ အပြာရောင်ချစ်ညတွေ ဖန်တီးပေးမယ်"

ဖေးယိယန် အတည်ပြောနေခြင်းသာ။
တော်တော်လေး စိတ်ဆိုးပါ၏။ သူတို့ကမ္ဘာမှာဆို ဒါ မဒိန်းမှုပဲလေ။ ပြီးတော့မှ သူ ပြန်တွေးမိလိုက်သည်က သူလည်း ထျန်းမော့ချီကို ဒီလိုလုပ်ခဲ့တာကိုပဲ။ ဘာပဲဖြစ်ဖြစ် ဘဲစား၊ ဘဲကြေဖြစ်သွားပြီလို့ ကြေသည်ဟု မှတ်ယူလိုက်တော့သည်။

ဖေးယိယန် မှောက်လျက်ခန္ဓာကိုယ်က ဖြေးညှင်းစွာ လှည့်လိုက်ပြီး၊ ရင်ခွင်ကို ဖွင့်ကားကာ လက်ကမ်းလိုက်၏။ ထျန်းမော့ချီက အလိုက်တသိပင် ခွေးပေါက်လေးတွေလို သူ့ရင်ခွင်ထဲ တိုးလာချေသည်။

" ကိုယ့်ကို စိတ်ဆိုးပြေပြီလား?"

" ဟုတ် "

" ဒါဆို နမ်း..."

ချယ်ရီပွင့်တွေ ပြန့်ကျဲ့သွားသလို
ရှက်သွေးဖြာလာသည့် မျက်နှာလှလှသည် ဖေးယိယန်နူတ်ခမ်းသားတွေဆီ တိုးကပ်လာခဲ့သည်။

မနမ်းတတ်၊ နမ်းတတ်ဖြင့် စူးစမ်းနေသည့်အနမ်းကနေ တဖြေးဖြေး ကျွမ်းကျင်လာခဲ့သည့် အယ်ဖာလေးဟာ ဖေးယိယန်၏ အငွေ့အသက်အားလုံးကို သူ့ထံ စုပ်ယူချင်သကဲ့သို့ သဲကြီးမဲကြီး နမ်းနေ၏။

ဖေးယိယန် စကေးကောင်းလာသည့်
အလှလေး၏ ဦးဆောင်မှုအောက် တသိမ့်သိမ့်လိုက်ပါရင်း၊ ပြုံးနေမိသည်ပင်။

(သူတို့တွေ ပြောကြတာက 'မင်းက အိုမီဂါ'ပါတဲ့!)他们说 ' 你是 OMEGA' [ Completed ] Where stories live. Discover now