Chapter 3

16.1K 2.2K 173
                                    

Chapter 3: သူတို့တွေ ပြောကြတာက 'Alphaနဲ့ Omega မှားနေကြသလိုပဲ'တဲ့

ထျန်းမော့ချီ ၏ ငြိမ်းအေးလှသည့်နေ့ရက်တွေက ကုန်ဆုံးသွားခဲ့လေသည်။ သူ့အနားမှာ ကပ်တွယ်နေခဲ့သော Omega တစ်ယောက်။

ဒီလောက် ကြောက်စရာကောင်းသည့် omegaမျိုး သူ မတွေ့ခဲ့ဖူးသေးပါ။ သူ့ကို ဘာကြိုက်သွားလဲ မသိ။ တကောက်ကောက်ဖြင့်၊ 'အလှလေး အလှလေး'ဟု တကြော်ကြော် ခေါ်ကာ အမြဲ လိုက်ခံနေရ၏။

သူက Alpha ဆိုပေမဲ့လည်း...ရှက်တတ်လွန်းပြီး သိမ်မွေ့နေတတ်သဖြင့် ငယ်စဥ်ကထဲက လူတွေ၏ ကဲ့ရဲ့ခြင်းကို ခံခဲ့ရသည်။ ဒီလူomegaကတော့ သူ့၏ ယခုလို ပုံကို သဘောကျသည်တဲ့။ တွေးရင်းကနေ မျက်နှာနုနုသည် နီစွေးလာရ၏။

ကျောင်းကန်တင်းမှာ သူ နေ့လည်စာ စားနေတာ ထိုင်ကြည့်နေသည့် omega ကြောင့် ထျန်းမော့ချီ အရမ်းရှက်လာမိတော့သည်။

" ခင်ဗျား မရှက်တတ်ဘူးလား...။
လူတွေနဲ့လေဗျာ...။ ခင်ဗျားကို ခင်ဗျားကော omegaဆိုတာ သတိရသေးရဲ့လား?"

အပြစ်တင်စကားပေမဲ့ ၊ ထိုစကားသံထဲတွင် ဒေါသသံမပါ။ အနိမ့်အမြင့်အတတ်အကျ ကင်းမဲ့ပြီး ညှင်သာနေခဲ့သည်။

ဖေးယိယန် ရယ်လိုက်ကာ ထျန်းမော့ချီ၏ ပါးကို ဆွဲလိုက်မိတော့သည်။ ဒီကောင်လေးသာ သူ့အောက်တွင် ရှိနေလျှင် မည်သို့သော မျက်နှာမျိူး ဖြစ်နေမည်လဲ။ သူ့ရင်ခွင်မှာ ရှိနေမည့် ကောင်ငယ်လေးက ဘယ်လောက်တောင် အရှက်သည်းနေမည်လဲ။ မှောင်မိုက်သည့်အတွေးတို့ကို ရုတ်သိမ်းကာ၊ ပြုံးပြလိုက်သည်။

" ကိုယ် omegaဆိုတာ ကိုယ့်ကိုကိုယ်
သိတာပေါ့လို့ အလှလေးကလည်း။
ကိုယ် omegaဆိုတာ မသေချာရင် စမ်းကြည့်ချင်လား...အလှလေးအတွက်ဆို freeနော်"

စားလက်စ အစားအသောက်သည်
ဖူးခနဲ ထွက်သွားတော့သည်။ ထျန်းမော့ချီ မျက်နှာကြီး ရဲနေလျက်၊
ဖေးယိယန်ကို လက်ညိုးတထိုးထိုးဖြင့် ....။

" အရှက်မရှိလိုက်တာနော့်!"

ထျန်းမော့ချီ ထိုသို့ အော်ပြောကာ၊ ပြေးထွက်သွားလေတော့သည်။ ဖေးယိယန်ကတော့ တဟားဟား အော်ရယ်နေလျက်။ ကျောင်းကန်တင်း၏ ခုံတန်းပေါ် လက်တစ်ဖက်တင်ကာ၊ စတိုင်ကျကျဖြင့်၊ ထျန်းမော့ချီ ရှိရုနေရာဆီ ကြည့်နေခဲ့လေသည်။

လူတိုင်းက သူတို့နှစ်ဦးကို မြင်တိုင်း ပြောကြတာက
" Alphaနဲ့Omega မှားနေကြသလိုပဲ'တဲ့။

.
.
.
.
.

ဖေးယိယန် စိတ်မရှည်တော့ပေ။ အလှလေးက မိန်းကလေးတစ်ယောက်နှင့် စကားပြောသည်။ ဒီမြင်ကွင်းက သူ့၏ သဝန်တိုစိတ်ကို နိုးဆွပေးနိုင်၏။

ခပ်တည်တည်ပင်၊ ကလူမြူစွယ်နေသည့် မိန်းကလေးကို ပစ်တိုက်လိုက်ကာ၊ ထျန်းမော့ချီရင်ခွင်ထဲသို့ ဖေးယိယန် ပစ်ဝင်လိုက်တော့သည်။

ဘာပဲဖြစ်ဖြစ် အရင်ကမ္ဘာဆိုရင်တော့၊
မိန်းကလေးကို ညှာတာပါ၊ ဘာညာစတဲ့ ဆောင်ပုဒ်တွေ လက်ကိုင်ထားရနေအုံးမည်။ ယခုတော့ သူက ဒီကမ္ဘာမှာ အိုမီဂါလေ။ သူ့လို နူးနူးညံ့ညံ့ အိုမီဂါလေးက သူ့ချစ်သူကို လာစနိုက်ကြော်တဲ့သူဆိုရင် ဒီလောက်ပဲ တုံ့ပြန်နိုင်တာပေါ့။

ဖေးယိယန် ဒီအချိန်မှာပဲ၊ သူ့၏ ယောကျာ်းဆန်စိတ်ကို ဘေးချိတ်ထားလိုက်ကာ၊ သူ့၏ ယောကျာ်းမာနကို တစ်ထစ်လျှော့ချလိုက်မိသည်။ အလှလေးထက် မာနက အရေးမှ မပါပေဘဲ။

" ဟင့်...မော့ချီ။ ကိုယ် နာသွားပြီရယ်။
ဒီက Betaမလေးက ကိုယ့်ကို လာတိုက်လို့ ကိုယ် နာနာဖြစ်သွားပြီ။ ဥုံဖွ လုပ်ပေး "

ချွဲနွဲ့ကာ ပြောဆိုနေသည့် သူ့အသံ သူ ကြားမိတော့ ရွံသလို ခံစားလိုက်ရပေမဲ့၊ အလှလေးကို ​ပိုင်ဆိုင်ဖို့အတွက် ဘာမဆိုလုပ်မည်။

" ကျွန်တော့်ကို
မျက်စိကန်းနေတယ်များထင်နေလား?"

ထျန်းမော့ချီ၏ လှပသည့်မျက်နှာလေးသည် တည်ငြိမ်စွာပင် သူ့ကို ကြည့်လာ၏။ ဖေးယိယန် အလှလေးမျက်နှာပေါ်က တည်ငြိမ်သည့်ဟန်ကြောင့် ခန္ဓာကိုယ် တောင့်တင်းသွားမိလေသည်။
သူ ထင်သလို ပြောမှာတော့
မဟုတ်ဘူးမှတ်လား။

" ကျွန်တော့်ကို သေချာကြည့်ပါအုံး..."

ဖေးယိယန် ထျန်းမော့ချီ ထံ
မော့ကြည့်လိုက်ကာ၊ မျက်ဝန်းခြင်း စုံစည်းလိုက်၏။

" အချစ်ဆိုတာ ဖန်တီးယူလို့မရဘူးလေ...ခင်ဗျားရဲ့။
ခင်ဗျား သိလားဟင်...နားလည်လား?"

ထျန်းမော့ချီ၏ လေသံသည် ပကတိ ကြည်စင်နေလျက်သား။

အချစ်ဆိုတာဖန်တီးလို့မရပါတဲ့

(သူတို့တွေ ပြောကြတာက 'မင်းက အိုမီဂါ'ပါတဲ့!)他们说 ' 你是 OMEGA' [ Completed ] Where stories live. Discover now