Extra 1

7.5K 940 34
                                    

Extra 1

ဆူညံပွတ်လောရိုက်နေသည့် အသံတွေက
ပျံ့နှံ့လာသလို...၊ တစ်ချိန်ထဲမှာပဲ
ရနံ့မွှေးမွှေးတစ်ခုက ပြင်းရှစွာ ထွက်ပေါ်လာခဲ့၏။

အယ်ဖာတို့၏ သားရဲစိတ်ကို နိုးဆွပေးနိုင်ပါသော
ထိုရနံ့၏ ဆွဲဆောင်မှုကို လျှိုယောင် ရှုရှိုက်မိလိုက်ချိန်မှာ... တစ်ချက် မျက်မှောင်ကြုတ်လိုက်ကာ
ဘယ်ပေါက်လွှတ်ပဲစား အိုမီဂါတစ်ယောက်က heat တတ်နေပြန်ပြီလဲဟုပင် တွေးလိုက်သေးသည်။

ထိုရနံ့သည် သူ့လို သွေးသန့်အယ်ဖာအပေါ်
အနည်းငယ်လောက်ပဲ သက်ရောက်နိုင်တာကြောင့်၊
လျှိုယောင် ​ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်သေးသည်လေ။

ဝင်ရောက်လာသည့် အတွေးတစ်ခုနှင့်အတူ
ဝုန်းခနဲ ထရပ်လိုက်ပြီးနောက် ၊ သူ့နံဘေးတွင် အမြဲရှိနေလေ့ရှိသည့် သွမ့်ဝေကို လိုက်ရှာမိလိုက်လေသည်။

ဖေးယိယန်ကတော့ ဒူးလေးနန့်ကာပင်...ဆေးလိပ်သောက်နေခဲ့၏။ ထိုကလေးအဖေက သူ့အလှလေးကို ကြောက်ရသဖြင့် အိမ်မှာ ဆေးလိပ် ပေါ်တင် မသောက်ရဲ၍ သူ့ကလပ်မှာ လာလာခိုးသောက်တတ်သည်ပင်။

" အာ... သွမ့်ဝေကို ရှာနေတာလား။ အဲ့ဒီကောင် heat ဝင်နေတဲ့ အိုမီဂါဆီ ပြေးသွားတာကို ငါ မြင်_"

နံဘေးရှိ ခုံလေးသည် အဝေးကို
အရှိန်အဟုန်ပြင်းစွာ လွှင့်ထွက်သွားခဲ့သလို...၊
လျှိုယောင်၏ ခြေလှမ်းတို့သည်လည်း...
ကလပ်အပြင်ဘက် heat ဝင်နေသည့်
အမည်မသိ အိုမီဂါထံ....။

ဖေးယိယန်ကတော့ မွှေပြီးပြီဖြစ်၍
ပျော်ရွှင်စွာ လေချွန်နေရင်း...၊ ခပ်ရဲရဲနူတ်ခမ်းက ဆေးလိပ်ကို စိတ်ကျေနပ်စွာ ရှိုက်သွင်းလျှက်၊
အဖြူရောင်ဆေးလိပ်ငွေ့တို့ကို ရှိုက်ခဲကာ
မှုတ်ထုတ်နေခဲ့၏။

မျောက်ကလေးတွေ မွေးရတာ တော်တော်လေး စိတ်ညစ်ဖို့ကောင်းလှသည်။
သူ ဆေးလိပ်သောက်ချင်သည့်အချိန် မသောက်ရ။
သူ့ကိုယ်တိုင် မွေးထားသည့်
မျောက်ကလေးတွေကိုလည်း တိရစ္ဆာန်လေးတွေလို သူများကို ပေးပစ်၍ မရသည်က ခက်သည်။
အလှလေးကို ချစ်၍သာ သည်းခံနေရသည်။
ထိုမျောက်လေးတွေကိုတော့ သူ အမှိုက်ပုံးထဲ သွားပစ်လိုက်ချင်တော့သည်။

(သူတို့တွေ ပြောကြတာက 'မင်းက အိုမီဂါ'ပါတဲ့!)他们说 ' 你是 OMEGA' [ Completed ] Where stories live. Discover now