- 1 -

1.4K 116 16
                                    

[  Zawgyi ]

မျက်လုံးနှစ်လုံးပွင့်လာတာနဲ့ အရင်ဆုံး မြင်တွေ့ရတာဟာ ကုန်းကျွင်း သိပ်ကိုမနှစ်မြို့တဲ့ မျက်နှာတစ်ခုပင်ဖြစ်တယ် ။ ထိုလူဟာ သူ့ဘေးနားမှာ အိမ်မောကျနေတာဖြစ်တယ် ။ ဖြူဖြူစင်စင်မျက်နှာနဲ့ ထိုလူက ကုန်းကျွင်းဘဝရဲ့အိမ်မက်ဆိုးပင် ။ ကုန်းကျွင်း ထိုလူကိုသိပ်မုန်းတယ် ။

ကုန်းကျွင်းတွေးနေတုန်းမှာပဲ ထိုလူရဲ့မျက်လုံးတွေဟာ ပွင့်လာတယ် ။ ပြီးတော့ ကုန်းကျွင်းသိပ်ကို အမြင်ကတ်တဲ့အပြုံးလှလှနဲ့ ပြုံးပြတယ် ။

" နိုးပြီလား မောင် "

"......"

ပြန်ဖြေချင်စိတ်မရှိတာကြောင့် ကုတင်ပေါ်ကဆင်းပြီး ရေချိုးခန်းထဲတန်းသွားဖို့ပြင်လိုက်တယ် ။

" ဟန် မောင့်အတွက် မနက်က အစောကြီးထပြီး မနက်စာပြင်ထားတယ် ရေချိုးပြီးရင် အောက်ဆင်းလာခဲ့ "

ကုန်းကျွင်းက ဘယ်သို့သောစကားကိုမှခွန်းတုန့်မပြန်ဘဲ ရေချိုးခန်းထဲဝင်သွားသည် ။

ကုတင်ပေါ်မှာ ကျန်နေခဲ့တဲ့ ကျန်းကျီဟန် ကတော့ ခပ်နွမ်းနွမ်းအပြုံးလေးတစ်ခုကိုပြုံးရှာပါတယ် ။ မောင်က အေးစက်လိုက်တာ ။ သူနဲ့မောင်ဟာ လွန်ခဲ့တဲ့ ၅လလောက်ကပင်လက်ထပ်ခဲ့တာဖြစ်တယ် ။ မချစ်ဘဲလက်ထပ်ခဲ့တာလားဆိုတော့ မဟုတ်ပါဘူး ။ မောင်နဲ့ သူနဲ့က ၅နှစ်လောက်အတူတူဖြတ်သန်းပြီးမှ မောင့်ဘက်ကစလို့ လက်ထပ်ခွင့်တောင်းခဲ့တာပါ ။

အဲ့ဒီအချိန်တွေက သိပ်ကိုလှတယ် ။ နှစ်ဦးနှစ်ဖက်လုံးရဲ့ မိဘတွေက ကန့်ကွက်နေသည့်တိုင် မောင်က သူ့လက်ကိုမလွှတ်စတမ်းဆုပ်ကိုင်ပြီး သူ့ကိုပဲရွေးချယ်ခဲ့တယ် ။ သူ့ထက် ၂နှစ်ငယ်တဲ့ မောင်က သိပ်ကို သတ္တိရှိခဲ့တာ ။ ဒါပေမယ့် .. မောင်နဲ့ သူ လက်ထပ်ပြီး ၂လအကြာ .. မောင်အလုပ်ကိစ္စနဲ့ ပဲရစ်ကိုသွားပြီးပြန်လာတဲ့ အချိန်ကစလို့ မောင့်ရဲ့ စိတ်တွေဟာပြောင်းလဲလာတယ်လို့ ကျီဟန်ထင်တယ် ။ မောင်က အရင်လို သူ့ကို စကားမပြောတော့ဘူး ။ သူ့ကို သူစိမ်းတစ်ယောက်လို ခပ်တန်းတန်းဆက်ဆံပြီး မနှစ်မြို့စရာစကားလုံးတွေကိုသာပြောတယ် ။ မောင်နဲ့သူ့ကြားမှာ ဘယ်ကနေစလို့ လွဲမှားခဲ့လည်းမသိပေမယ့် .. သေချာတာကတော့ မောင် သူ့ကိုမချစ်တော့ဘူးဆိုတာပါပဲ ။

မောင် ~♡ ( Complete )Where stories live. Discover now