- 10 -

741 96 19
                                    

[ Zawgyi ]

" မောင် .. ဟန် တို့ ကလေး ယူကြမလား "

ရင်ခွင်ထဲမှီပြီး ရုပ်ရှင်ကားကြည့်နေရင်း ရုတ်တရက်ထပြောတဲ့ ဟန်ကြောင့် မောင်က အံ့သြသွားတယ် ။

"ဘာလို့မေးတာလဲ ဟန်ရဲ့"

"မောင် မလိုချင်ဘူးလား"

ဟန်က မောင့်ရင်ခွင်ထဲကနေထွက်ပြီး မောင့်ကိုကြည့်လို့မေးတယ် ။ ဟန့်ရဲ့ မျက်ဝန်းလှလှတွေမှာ သိချင်စိတ်တွေအပြည့်နဲ့ ။

"လိုတာတော့လိုချင်တာပေါ့ ဒါပေမယ့် မရှိမဖြစ်လိုအပ်နေတာမျိုးတော့မဟုတ်ဘူး ဟန်သိရဲ့သားနဲ့ မောင့်ဘဝမှာ ဟန်က သာ အလိုအပ်ဆုံးဆိုတာလေ"

"ဒါဆို .. မောင် လိုချင်တယ်ပေါ့"

ထူးဆန်းနေတဲ့ ဟန်ကို မောင်က အကဲခတ်နေတယ် ။ ဟန်က တစ်ခုခုကိုတွေးတောနေသည့်ပုံ ။ ဟန့်ကို အရိပ်တကြည့်ကြည့်နဲ့နေလာတဲ့ မောင်ဟာ ဟန်ဘာတွေတွေးနေလဲဆိုတာ ချက်ချင်းပဲရိပ်မိသွားတာကြောင့် အလျှင်အမြန်ပဲ ပြောလိုက်တယ် ။

"ဟန် .. မောင်ပြောမယ်နော် ဟန် တစ်ခုခုထိခိုက်ပြီးမှ ရလာတဲ့ ကလေးကို မောင်က ချစ်ပေးနိုင်မှာမဟုတ်ဘူး ၊ ဟန် အဲ့လိုလုပ်ဖို့တွေးနေတယ်ဆိုရင် အခုချက်ချင်းခေါင်းထဲကထုတ်လိုက် .. မောင့်ဘဝမှာ ဟန်ကအရေးကြီးဆုံးပဲ ၊ ဟန်မရှိဘဲ မောင်မနေနိုင်ဘူး "

"ဒါပေမယ့် .. "

"ဟန် .. မောင့်ကို မသေသွားစေချင်ရင် အဲ့လိုလုပ်ဖို့ကို နောက်တွေးတောင်မတွေးရဘူး"

"......"

"ကြားလားလို့ ဟန်"

မောင့်မျက်နှာက တစ်ဖြည်းဖြည်းနဲ့ မိုးပြိုတော့မလိုဖြစ်လာတာကြောင့် ဟန်က နှုတ်ခမ်းလေးစေ့လို့ ခေါင်းငြိမ့်လိုက်တယ်။

"အင်း"

ထိုတော့မှ မောင်က သက်ပြင်းတစ်ချက်ချပြီး ဟန့်ကို ရင်ခွင်ထဲပြန်သွင်းတယ် ။

"ကလေးက မယူတာပဲကောင်းတယ် ဟန်ရဲ့ ၊ မဟုတ်ရင် မောင် ဟန့်ချစ်ပုံနဲ့ဆို ကလေးတွေ တစ်ဒါစင်လောက်ထွက်လာမှာ"

"မောင် ! ဘာတွေပြောနေတာလဲ "

"မဟုတ်လို့လား မောင်က ဟန့်ကိုမထိဘဲနဲ့မှမနေနိုင်တာ ထိပြီးရင်လည်း စိတ်ထိန်းနိုင်ဖူးလို့လား"

မောင် ~♡ ( Complete )Where stories live. Discover now