- 7 -

624 90 14
                                    

[ Zawgyi ]

မနက်စာဝိုင်းဟာ တိတ်ဆိတ်နေတယ် ။ ကိုယ်တိုင်လုပ်ထားတဲ့ ပေါင်မုန့်ချက်နဲ့ နွားနို့ခွက်ဟာ စားပွဲပေါ်မှနေရာတကျ ။ မနက်စာစားပွဲရှေ့မှာ ထိုင်နေပြီး လေးလံတဲ့သက်ပြင်းတွေချနေမိသည် ။ ဘာကိုမှ လည်း စားချင်စိတ်မရှိပေ ။

ထိုလူ ပြန်မလာတဲ့ ၅ရက်မြောက်နေ့ ။ လွတ်လပ်တယ်လို့ ထင်ထားခဲ့ပေမယ့် အဖိုးတန်ပစ္စည်းတစ်ခုကျပျောက်သွားသလိုမျိုး မပျော်နိုင်တဲ့ ခံစားချက်က ဆိုးရွားလွန်းတယ် ။ လိုက်လည်းမရှာချင်သလို ထိုလူဘယ်မှာရှိနေလဲဆိုတာလည်းစိတ်မဝင်စားဘူး ။ ဒါပေမယ့် .. ဒါပေမယ့် ပေါ့ ။

ကုန်းကျွင်း မနက်စာကိုမစားတော့ဘဲ ချထားတဲ့အိတ်ကိုဆွဲပြီး အလုပ်သွားဖို့ ဦးတည်လိုက်တယ် ။ အိမ်ထဲက ထွက်ထွက်ခြင်းပဲ ခြံအပြင်ဘက်က မြင်ကွင်းတစ်ခုဟာ သူ့မျက်လုံးထဲတန်းဝင်လာတယ်။

"ကျေးဇူးတင်ပါတယ် ချန်ကော ! ချန်ကောလည်းသွားတော့လေ နောက်ကျနေဦးမယ်"

"အင်း .. ဒါဆို ကိုယ်သွားပြီ ၊ တစ်ခုခုဖြစ်ရင် ဖုန်းဆက်ဖို့မမေ့နဲ့နော်"

"သိပါပြီ"

ကောင်လေးဟာ ဝမ်ရှင်းကိုပြုံးပြတယ် ။ အဖိုးတန်ပစ္စည်းလေးဟာ တစ်ခြားသူလက်ထဲရောက်သွားပေမယ့်လည်း ပိုင်ရှင်ဆီကိုပဲ ပြေးလာချင်နေတဲ့အခါ ကောက်ရသူက ပြန်ပေးရုံပေါ့ ။ ဆက်ယူထားလည်း အဖိုတန်လေးမပျော်ရုံသာရှိမည်မဟုတ်ပါလား ။

ကားကို အရှိန်နှုန်းနဲ့ မောင်းလိုက်သည် ။ဘယ်နှစ်ကြိမ်မြောက်လဲ သူ့ဘက်ကချစ်လွန်းလို့ အနစ်နာခံခဲ့ရတာတွေ !

ကျီဟန် ထွက်သွားတဲ့ကားကိုကြည့်ပြီး သက်ပြင်းချတုန်းမှာပဲ အနောက်ဘက်က အသံဟာထွက်လာပါတယ် ။

"အရမ်းပျော်နေတယ်ထင်တယ်"

ခနဲ့တဲ့လေသံနဲ့ အထင်သေးတဲ့မောင့်အကြည့်တွေကို အသားကျချင်ယောင်ဆောင်နေတဲ့ ဟန်က တကယ်တမ်းကြ သိပ်ကိုနာကျင်ရပါတယ်တဲ့ ။

"မောင် .. အလုပ်သွားတော့မှာလား"

"၅ရက်လုံး အဲ့လူနဲ့တူတူနေခဲ့တာပေါ့ ဟုတ်လား"

မောင် ~♡ ( Complete )Where stories live. Discover now