- 9 -

644 96 22
                                    

[ Zawgyi ]

"ဝမ်ရှင်း..."

ရှောင်မေရဲ့ စကားသံတွေဟာ ရပ်တန့်လို့သွားတယ် ။ ဒီနေ့ ဝမ်ရှင်းက ခွင့်ယူထားတယ်ဆိုလို့ သူမကိုယ်တိုင် ဝမ်ရှင်းအိမ်ကို လိုက်လာခဲ့တာဖြစ်တယ် ။ တစ်ခေါက်မျှသာရောက်ဖူးပေမယ့် သူမက သေချာမှတ်မိနေတယ်လေ ။ သို့ပေမယ့် သူမ စကားတွေ လည်ချောင်းထဲ ပြန်ဝင်သွားရတဲ့ အကြောင်းအရင်းက ဆိုဖာပေါ်မှာ ကောင်လေးတစ်ယောက်ကို ရင်ခွင်ထဲထည့်လုနီးပါးထိုင်နေတဲ့ ဝမ်ရှင်းကြောင့်ပင် ။ သူမ အကျယ်ကြီးခေါ်မိမလိုဖြစ်တော့ ဝမ်ရှင်းကသူမကို အသံတိုးရန်လက်ညိုးကိုနှုတ်ခမ်းနဲ့တေ့ပြတယ် ။ ဒီကောင်လေးက ဝမ်ရှင်းအတွက် အရေးပါတဲ့သူဖြစ်ရပါလိမ့်မယ် ။

သူမက ခေါင်းငြိမ့်ပြပြီး ဘေးဘက်က ဆိုဖာခုံမှာဖြေးဖြေးချင်းဝင်ထိုင်တယ် ။ ထိုအခါမှ ဝမ်ရှင်းက အသံနိမ့်နိမ့်နဲ့ စကားဆိုလာတယ် ။

"ဟန်အာ နေမကောင်းလို့ .. ခုနကမှ တီဗီကြည့်ရင်း အိပ်ပျော်သွားတာ "

"အာ .. အင်း သူက .. "

"ဟန်အာက ကိုယ်နဲ့ဟိုးငယ်ငယ်ထဲကရင်းနှီးခဲ့တဲ့ညီလေးပါ"

"သြော် .. ဒါဆို နင် ဒီနေ့ခွင့်ယူတာ ဒီကောင်လေးကြောင့်လား"

"အင်း"

အဲ့နောက်တော့ သူမဆက်မမေးဖြစ်တော့ပါဘူး ။ ထိုအချိန်မှာပဲ ဝမ်ရှင်းပုခုံးပေါ်က ကောင်လေးဟာ တစ်လှုပ်လှုပ်နဲ့မျက်လုံးလေးပွင့်လာတယ် ။ ပြီးတော့ ဝမ်ရှင်း ပုခုံးပေါ်က ထလို့ မျက်ဝန်းသေတွေနဲ့ ရှောင်မေနဲ့ ဝမ်ရှင်းကိုကြည့်တယ်။

"ဟန်အာ နိုးပြီလား"

ဝမ်ရှင်းက ပြောလည်းပြော လက်နဲ့လည်း ကျယ်ဟန့် နှဖူးပေါ်ကို လက်နဲ့ အသာထိတွေ့လိုက်တယ် ။

"အဖျားတော့ကျသွားပြီ .. ဒါပေမယ့် နားရဦးမယ်"

ကျယ်ဟန်က ဝမ်ရှင်းကို ခေါင်းလေးငြိမ့်ပြတယ် ။ပြီးတာနဲ့ ဘာမှမပြောမဆိုဘဲ ရှောင်မေ့ကိုတောင်မကြည့်တော့ဘဲ အပေါ်ထပ်ကို လေးလေးပင်ပင်နဲ့ တတ်လို့သွားတယ် ။ ကျယ်ဟန့်ပုံစံက သံပတ်ပေးထားတဲ့အရုပ်လေးလိုပဲ ။ အသက်ရှိနေတယ်လို့မထင်ရဘူး ။

မောင် ~♡ ( Complete )Hikayelerin yaşadığı yer. Şimdi keşfedin