- 15 -

469 74 17
                                    

[ Zawgyi ]

"ကုန်းကျွင်း !! မင်းကိုငါပြောတာ နေ့တောင်မကူးသေးဘူးလေ !! အခုကဘယ်လိုဖြစ်တာလဲ ဟမ် ! "

ကျိုးရှောင်မေရဲ့ အပြစ်တင်ပြောစကားကို ကုန်းကျွင်းအတော်ကြာပြန်မဖြေနိုင်ခဲ့ဘူး။ သူသည်လည်း ဆေးရုံခန်းထဲက အသံတွေကိုနားစွင့်ရင်းတုန်လှုပ်နေခဲ့သည်.။

"ကျွန်တော့်ကြောင့်ပါ ! ကျွန်တော်အသုံးမကျလို့ အခုလိုဖြစ်ရတာ"

မျက်ရည်တွေကျလို့ စိတ်နဲ့လူနဲ့ ကပ်ပုံမရတဲ့ ကုန်းကျွင်းကြောင့် ကျိုးရှောင်မေလည်း သက်ပြင်းသာချပြီး ချန်ဝမ်ရှင်းအနားကို သွားလိုက်တော့သည်။

"ဝမ်ရှင်း.."

"ရှောင်မေ..ဟန်အာကတကယ်ပဲ.."

ကျိုးရှောင်မေကပြန်မဖြေချင်သည့်အလား ခေါင်းငုံ့သွားတာမို့ ဝမ်ရှင်းလည်းဆက်မမေးတော့ပဲ အခန်းထဲကိုသာအာရုံစိုက်ထားလိုက်တော့သည် ။ ရှောင်မေလည်း မခန့်မှန်းတတ်တာမို့ ။

ခဏနေတော့ အခန်းထဲက ဆရာဝန်ထွက်လာတာမို့ ကုန်းကျွင်းကချက်ချင်းပဲပြေးသွားလိုက်သည်။သူ့နောက်မှာ ဝမ်ရှင်းနဲ့ ရှောင်မေ ရော ပါလာခဲ့သည်။

"ဆရာ..အခြေအနေဘယ်လိုရှိလဲ"

"လူနာက ထိန်းချုပ်ရအရမ်းခက်နေတယ်၊ အခုတော့ အိပ်ဆေးပေးလိုက်ရတယ်၊ သတိရတဲ့ထိစောင့်ကြည့်တာပေါ့"

"ဒါဆို..ကျွန်တော်တို့ အထဲဝင်လို့ရလား"

"ရပါတယ်..ဖြစ်နိုင်ရင်သူသတိရလာတဲ့ထိစောင့်ပေးပါ၊ သူနိုးလာတာနဲ့ ကျွန်တော်တို့ကိုခေါ်လိုက်ပါနော်"

"ဟုတ်ကဲ့ ဆရာ ကျေးဇူးတင်ပါတယ်"

ကုန်းကျွင်းကပြောပြီးတာနဲ့ အခန်းထဲကိုပြေးဝင်တော့တာမို့ ဝမ်ရှင်းနဲ့ ရှောင်မေကပါလိုက်ဝင်သည်။

ကုန်းကျွင်းက ကုတင်ပေါ်မှာ အိပ်မောကျနေတဲ့ အေးအေးချမ်းချမ်းမျက်နှာလေးကို တစ်စက္ကန့်မှမခွာဘဲ စိုက်ကြည့်ရင်း ကုတင်ဘေးလေးမှာ ဝင်ထိုင်လိုက်သည်။ ကျိုးရှောင်မေနဲ့ ချန်ဝမ်ရှင်းကတော့ အနည်းငယ်လှမ်းတဲ့နေရာကနေရပ်ကြည့်နေတယ်။

မောင် ~♡ ( Complete )Where stories live. Discover now