- 2 -

686 91 13
                                    

[ Zawgyi ]

တစ်ညလုံး နီးပါး အိပ်မပျော်ခဲ့တဲ့ ကျီဟန်က မနက်မိုးလင်းခါနီးမှ ကုတင်ဘေးနားလေးမှာ မောင့်ကိုထိုင်ကြည့်ရင်းအိပ်ပျော်သွားခဲ့တယ် ။

ကုန်းကျွင်းနိုးလာတော့ ကုတင်ဘေးမှာထိုင်လျှက်သားအိပ်နေတဲ့သူကိုတွေ့ပါတယ် ။ ဒီလိုအိပ်ပျော်နေတာ နိုးလာရင် ကိုယ်တွေလက်တွေကိုက်ခဲနေမှာသိပေမယ့်လည်း ကုန်းကျွင်း ဂရုမစိုက်ခဲ့ပါဘူး။ ရေမိုးချိုးပြီး အလုပ်သွားဖို့ပြင်လိုက်တယ် ။ သူသွားခါနီးမှ ထိုအိပ်ပျော်နေတဲ့လူဟာနိုးလာပါတယ် ။

"ဟင် မောင်တောင်အလုပ်သွားတော့မှာလား ဟန် မနက်စာတောင်မပြင်ရသေးဘူး . အာ့ "

ရုတ်တရက်ထလိုက်တော့ တစ်ညလုံးထိုင်ထားတဲ့အရှိန်ကြောင့် ခြေထောက်တွေထုံကာပြန်လဲကျသွားတယ် ။ မောင်အပြေးလာထူပေးမယ်ထင်ခဲ့ပေမယ့် မောင်က သူ့ကိုတစ်ချက်မျှသာကြည့်ပြီး အိတ်ကိုဆွဲကာ အခန်းထဲကထွက်သွားပါတော့တယ် ။

ကျီဟန်ကတော့ ၂လကျော်အထိ မောင့်ရဲ့ဒီလိုအပြုအမူတွေကြားမှာနေသားကျသလိုတောင်ဖြစ်နေခဲ့ပါပြီ ။ ဒါပေမယ့် မောင် မနက်စာမစားလိုက်ရတာမို့ နေ့လည်စာပြင်ပြီး သွားပို့ပေးဖို့ ဆုံးဖြတ်လိုက်တယ် ။ ဒီတစ်ခါတော့ သေချာပေါက် အကောင်းဆုံးဖြစ်အောင်လုပ်ရမယ် ။

ကျီဟန်က ထုံနေတဲ့ခြေထောက်ကိုအားပြုကာထလိုက်ပြီး မီးဖိုချောင်ထဲကိုဝင်သွားတယ် ။ ပြီးတော့ ဖုန်းကိုဖွင့်ကာ ဟင်းချက်နည်းတွေအတိုင်း တစ်သွေမသိမ်းလိုက်လုပ်ပါတယ် ။ သို့ပေမယ့် သူ့လက်တစ်ခုလုံးဟာ ဆီလောင်ဒါဏ်ရာတွေနဲ့ပြည့်နေခဲ့ပါတော့တယ် ။

အားလုံးသချာထုတ်ပိုးပြီးသွားတော့ ကျီဟန်က ကိုယ့်အတွေးနဲ့ကိုယ်ပြုံးလိုက်မိပါတယ် ။ ဒီတစ်ခါတော့မောင်သေချာပေါက်ကြိုက်မှာပဲ ။

နာရီကိုကြည့်မိတော့ နေ့လည်စာစားချိန်နီးပြီမို့ ကျီဟန် ပြင်ဆင်ပြီး ထမင်းဘူးလေးဆွဲကာ ထွက်လာခဲ့တယ် ။ မောင်နဲ့အတူ မကြာခဏစီးဖူးတဲ့ ဘတ်စ်ကားပေါ်မှာအခုတော့ သူတစ်ယောက်ထဲဆိုပေမယ့်လည်း သူဦးတည်နေတာ မောင့်ဆီကိုပဲလေ ။ ဘာဝမ်းနည်းစရာရှိလို့လဲ ။

မောင် ~♡ ( Complete )Where stories live. Discover now