- 14 -

520 75 7
                                    

[ Zawgyi ]

သိမ်းဆည်းလို့မရနိုင်တော့တဲ့ ပျက်စီးမှုတွေ၊ ထပ်ပြီး ဖန်တီးလို့မရနိုင်တော့တဲ့ အမှတ်တရတွေ၊ မကြုံတွေ့ချင်တဲ့ အနာဂတ်တွေ၊ အရာအားလုံးဟာ ကုန်းကျွင်းအတွက်များရည်စူးနေသလား။

ခန္တာကိုယ်သေးသေးလေးကို ရင်ခွင်ထဲမလွှတ်စတမ်းဖက်ထားရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ခဲ့တဲ့ညတွေလည်းများလှပြီ။ တစ်စက္ကန့်လေးတောင် မနှောင့်နှေးစေဘဲနဲ့ မောင်က ဟန့်ကိုစောင့်ရှောက်ပေးချင်တာ။

"မောင်.."

မောင် အတွေးတွေလွင့်မြောနေတာ ဟန်နိုးလာတာတောင် မသိလိုက်ဘူး။ ဟန်က မောင့်ရင်ခွင်ထဲကနေ ခေါင်းလေးမော့လို့ ခေါ်တော့မှ မောင်က အသိပြန်ဝင်လာတယ်။

"နိုးနေပြီလားဟန်"

"အင်း..ဟန် ရေဆာလို့"

"ရေဆာလို့လား .. ခဏစောင့် မောင်သွားခပ်ပေးမယ်"

"အင်း"

မောင်က ဟန့်ကိုယ်လေးကို စောင်လေးပြန်ခြုံပေးကာ အခန်းထဲကနေအမြန်ထွက်လာလိုက်သည်။ လှေကားထစ်ကိုပြေးဆင်းတော့ အပေါ်တတ်လာတဲ့ မိခင်ဖြစ်သူနဲ့တိုးလေတယ်။

"အစောကြီး နိုးပြန်ပြီလား"

"ဟုတ်တယ်မား"

ကုန်းကျွင်းက ထိုသို့တစ်ခွန်းသာပြောပြီး ပြေးဆင်းသွားလေတာမို့ ကုန်းကျွင်းအမေဟာ အပေါ်ထပ်သွားတော့သည်။ သူမ အခန်းထဲဝင်ခါနီးမှာပဲ ဖွင့်ထားတဲ့ ဘေးအခန်းက အသံကြားရတာမို့ အသာလေးဟကာကြည့်လိုက်မိသည်။

သူမ မျက်လုံးတွေဟာပြူးကျယ်သွားတယ်။ သူမ သားရဲ့ ခင်ပွန်းဟာ ပြတင်းပေါက်နားကို ကြည့်ပြီး တစ်ယောက်ထဲစကားတွေပြောနေခဲ့သည်။ပြီးတဲ့နောက် သူ့ဘာသာသူခေါင်းခါပြီး မဟုတ်ဘူး ဟုဆိုကာအော်ဟစ်ပြန်သည်။ ထိုအပြုအမူတွေကို သူမ ရင်းရင်းနှီးနှီးကြားသိပြီးသားပင်ဖြစ်တယ်။ ဒီကောင်လေးက စိတ်ရောဂါဖြစ်နေတာလား။

လှေကားထစ်နား ပြေးတတ်လာတဲ့ခြေသံကြားတော့မှ သူမဟာ အခန်းထဲကိုအသာလေးပြန်ဝင်သွားလိုက်တော့သည်။ သူမအတွေးတွေကတော့ လွန်နေပြီဖြစ်သည်။

မောင် ~♡ ( Complete )Tahanan ng mga kuwento. Tumuklas ngayon