- 13 -

512 75 7
                                    

[ Zawgyi ]

မီးဖိုချောင်မှာ တစ်လှုပ်လှုပ်နဲ့ အလုပ်ရှုပ်နေတဲ့မောင်က ဟန်နိုးလာရင်စားဖို့ဆိုပြီး မနက်စာပြင်နေခြင်းပင်ဖြစ်သည် ။ မနေ့ညက တစ်ညလုံးမအိပ်ဘဲ မိုးလင်းခါနီးမှ အိပ်ပျော်သွားတဲ့ဟန့် ကို မောင်က နိုးလာရင် သေချာဂရုစိုက်ပေးရဦးမယ် ။ မောင်ကတော့ အခုထိ တစ်ရေးမှမအိပ်ရသေးပါဘူး ။ အိမ်ပေါ်ထပ်ကဆင်းလာတဲ့ အမျိုးသမီးဟာ မီးဖိုခန်းထဲက ကုန်းကျွင်းကိုမြင်တာနဲ့ မျက်မှောင်ကြုံ့လိုက်တယ် ။

"အစောကြီးနိုးနေတာလား"

ကုန်းကျွင်းလည်း အသံကြားလိုက်တာကြောင့် လှည့်ကြည့်လိုက်တော့ လှလှပပခြယ်သထားတဲ့ မိခင်ဖြစ်သူကိုတွေ့သည်။
အမေးစကားကို လိမ်ညာခြင်းနဲ့တုန့်ပြန်လိုက်တယ် ။

"အင်း ဟုတ်တယ် မား"

"မနက်စာပြင်နေတာပေါ့"

"ဟုတ်ပါတယ်"

ကုန်းကျွင်း အမေက မပြောချင်တော့တဲ့ပုံစံမျိုးနဲ့သက်ပြင်းချလိုက်တယ်။

"ငါ အပြင်သွားမလို့ .. နေ့လည်ပြန်ရောက်မယ်"

"သိပါပြီ မား"

ကုန်းကျွင်းလည်း မိခင်ဖြစ်သူထွက်သွားတော့မှ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေလိုက်တော့သည် ။ ပြီးရင် ဟန် မနိုးခင် အခန်းထဲပြန်ဝင်နေရမယ် ။ တော်ကြာနေ သူမရှိတုန်း ဟန်နိုးလာပြီး တကယ်မဟုတ်တာတွေကိုမြင်ယောင်နေမှာစိုးတယ် ။

အားလုံးပြင်ဆင်ပြီးတာနဲ့ အပေါ်ထပ်တတ်ပြီး အခန်းထဲပြန်ဝင်ဖို့လုပ်လိုက်တော့ သူမဖွင့်ရသေးဘဲ တံခါးကပွင့်လာပြီး ထိတ်လန့်မှုတွေပြည့်နေတဲ့မျက်ဝန်းတစ်စုံနဲ့သူ့အားမော့ကြည့်နေတဲ့ ဟန့်ကိုတွေ့လိုက်ရသည်။

"မောင်.."

ရုတ်တရက် အသည်းအသန်ထွေးပွေ့လာတဲ့ ဟန့်ကြောင့် မောင်ကဘာဖြစ်မှန်းသိတာကြောင့် သူလည်းပဲ မလွှတ်စတမ်းပြန်ဖက်ထားမိသည် ။

"ဘာမှမဖြစ်တော့ဘူး ဘာမှမဖြစ်တော့ဘူးနော်"

ပုခုံးပေါ်က စိုစွတ်လာတဲ့အထိအတွေ့ကြောင့် မောင်က ဟန့်ကိုပိုတိုးလို့ပွေ့ဖက်ပြီး ချော့မြူရပါတယ် ။ ဟန်ကလည်း ခြေဖျားလေးတွေထောက်ပြီး မောင့်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားတယ် ။ သူကြောက်နေတာ .. သူမြင်နေရတဲ့ မောင့်ပုံရိပ်တွေက သူ့ရှေ့မှာတင် ခဏခဏပျောက်ကွယ်သွားတယ် ။ သူကြောက်တယ် .. မောင်က တကယ်ပဲ သူ့အနားမှာရှိနေတာဟုတ်ရဲ့လား ။

မောင် ~♡ ( Complete )Where stories live. Discover now