- 3 -

622 96 8
                                    

[ Zawgyi ]

နောက်တစ်နေ့ မနက် .. ဟန် နိုးလာတဲ့အချိန် မောင်က ရှိမနေခဲ့ပါ ။ ဒီနေ့က ရုံးပိတ်ရက်ပင် ။ မနေ့ညက ' မနက်ဖြန်အားလား ' ဆိုတဲ့ မက်ဆေ့ကိုပြန်မြင်လာမိတော့ ဟန့်မှာ ဝမ်းနည်းမှုရော ၊ သဝန်တိုမှုတွေပါပေါင်းပြီး မျက်ရည်ကျရပါတယ် ။ မောင်က တကယ်ပဲ အဲ့ဒီမိန်းကလေးနဲ့သွားတွေ့တာလား ။

အားပြုကာ ထလိုက်တော့ ကိုက်ခဲနေတဲ့ ခန္တာကိုယ်ရဲ့ဒါဏ်ကို အလူးအလဲခံလိုက်ရတယ် ။ အံ့ကိုကြိတ်ပြီး ရေချိုးခန်းထဲကို ဒရွတ်တိုက် ဝင်သွားတဲ့ ဟန့် ရဲ့ ရင်ထဲမှာ ဘယ်လောက်တောင် နာကျင်နေလဲဆိုတာ မောင် မသိလေရော့သလား ။

ဖျော့တော့နေတဲ့ နှုတ်ခမ်းတွေနဲ့ ကိုက်ခဲနေတဲ့ ခေါင်းကိုတောင် ဂရုမစိုက်ဘဲ ဟန်က မောင့်နောက်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်တယ် ။ ဟန် ပြောဖူးတယ်မလား မောင် ။ မောင် သာဟန့်ကိုသစ္စာဖောက်ပြီး နောက်တစ်ယောက်နဲ့ပတ်သတ်ရင် ဟန်က မောင့်ကိုရော ကိုယ့်ကိုကိုယ်ပါသတ်သေပစ်မှာလို့ ။ အဲ့တာတွေကိုရော မောင်သတိရသေးရဲ့လား ။

မောင်ဘယ်မှာရှိနေလဲ အတိအကျမသိသော်ငြား မောင် အလုပ်ပိတ်ရက်တိုင်း သူနဲ့အတူလာနေကြ cofe shop လေးဆီကိုပဲ ဦးတည်ပြီးလာခဲ့တယ် ။ မောင်သေချာပေါက် အဲ့ဒီနေရာမှာပဲရှိမှာ ။ မောင်က အဲ့ဆိုင်လေးကိုသိပ်သဘောကျတာလေ ။

ဆိုင်ကိုရောက်တော့ ဟန့် ရဲ့လက်သီးလေးတွေဟာဆုပ်လျှက်သားဖြစ်လို့ ဖျော့တော့နေတဲ့နှုတ်ခမ်းတွေကိုလည်း ကိုက်ခဲပြီးသားဖြစ်သွားတယ် ။ တကယ်ကိုပဲ မောင် နဲ့ ထိုမိန်းကလေးဟာ ဆိုင်ရဲ့ တစ်နေရာမှာ ရှိလို့နေတယ် ။ မှန်တွေရဲ့အပြင်ဘက်ကနေ လှမ်းမြင်နေရတဲ့ မောင့်ရဲ့ အပြုံးတွေဟာ ထိုမိန်းကလေးဆီကို သက်ရောက်နေတာတဲ့ ။

အားနည်းနေတဲ့ခန္တာကိုယ်ကို လျစ်လျူရှုလို့ မောင်ရှိရာကို တန်းတန်းမတ်မတ်လျှောက်သွားလိုက်တယ် ။

" မောင် .."

သူ့အသံကိုကြားတော့ မောင်ရော ထိုမိန်းကလေးကရော သူ့ကိုမော့ကြည့်လာတယ် ။ သူ့ကိုတွေ့တော့ မောင့်မျက်နှာပေါ်ကအပြုံးတွေဟာပျောက်ကွယ်လို့ စိတ်ရှုပ်မှုတွေအထင်းသားပေါ်လာပါတော့တယ် ။ မောင် ဟန့်ကို အဲ့လောက်တောင်စိတ်ကုန်နေပြီလား မောင်ရယ် ။

မောင် ~♡ ( Complete )Where stories live. Discover now