- 4 -

631 91 26
                                    

[ Zawgyi ]

ကျီဟန် နိုးနိုးချင်းပဲ မောင့်ဆီကိုပြန်ချင်တဲ့စိတ်က အလောတကြီးကိန်းအောင်းလာတယ် ။ ချက်ချင်းပဲ အခန်းထဲကထွက်လိုက်တော့ နွားနို့နဲ့ပေါင်မုန့်တွေပါတဲ့ ဗန်းကိုသယ်လာတဲ့ ချန်ဝမ်ရှင်းနဲ့တန်းတိုးတယ် ။

" ဟန်အာ ! ဘယ်တွေအလောတကြီးသွားမလို့လဲ"

"အာ .. ချန်ကော ကျွန်တော် ပြန်တော့မယ် ၊ မနေ့ကအတွက် ကျေးဇူးတင်ပါတယ်"

ဝမ်ရှင်းပြန်မဖြေခင်မှာပဲ ကျီဟန်က ဦးညွှတ်လို့ အလောတကြီးမပြေးရုံတမယ် ထွက်သွားတော့တယ် ။ မနက်စာဗန်းကိုကိုင်လျှက်သားနဲ့ ဝမ်ရှင်းဆီက သက်ပြင်းချသံထွက်လို့လာတယ် ။ ကျန်းကျီဟန် ဆိုတဲ့ ကောင်ငယ်လေးဟာ သိပ်ကိုခေါင်းမာတာပဲ ။ ငယ်ငယ်က "ကော " ဆိုပြီး သူ့အပေါ် အရမ်းဆိုးခဲ့တဲ့ကောင်လေးဟာ အခုချိန်မှာတော့ အရာအားလုံးပြောင်းလဲသွားခဲ့ပြီ ။ ဖြူစင်ပြီး ပျော်ပျော်နေတတ်တဲ့ကောင်လေးကို ဘယ်လိုအရာတွေကများ အခုလိုမျိုးလူမမာတစ်ယောက်လိုပုံစံမျိုးဖြစ်အောင်လုပ်လိုက်တာလဲ ။

__________________________________

ကျီဟန် အိမ်ထဲကို ခြေလှမ်းခပ်ဖွဖွနဲ့ဝင်လာမိတယ် ။ တော်ကြာ မောင်အိပ်နေရင်နိုးသွားမှဖြင့် ။

"ကောင်းပါပြီ ကိုယ် ခဏနေရင် လာခဲ့မယ်"

အခန်းတံခါးဟာပွင့်လျှက်သားဖြစ်နေပြီး အထဲမှာတော့ သူ့ကိုကျောပေးလို့ဖုန်းပြောနေတဲ့မောင့်ကိုတွေ့ပါတယ် ။ မောင့်အသံဟာသိပ်ကိုနူးညံ့ပြီးပျော့ပျောင်းလွန်းတယ် ။ နေပါဦး မောင်က မနက်ဖြန်ဘယ်သူနဲ့သွားတွေ့မှာလဲ ။ ဝုန်းဒိုင်းကြဲဝင်သွားချင်တဲ့စိတ်တွေကိုချိုးနှိမ်လို့ အခန်းဘေးနားကနံရံမှာကပ်နေလိုက်ပြီး မောင် ဘာတွေဆက်ပြောမလဲဆိုတာ နားထောင်နေလိုက်တယ် ။

သို့ပေမယ့် မောင်ဟာ ဘာစကားမှဆက်မပြောတော့ဘဲ ဖုန်းကိုချပြီး ရေချိုးခန်းထဲဝင်သွားတာမို့ ကျီဟန် အခန်းထဲအမြန်ဝင်ပြီး မောင့်ဖုန်းကိုဖွင့်ကြည့်လိုက်တယ် ။ တည်နေရာဆိုပြီး မက်ဆေ့ရောက်လာတဲ့ ' ကျစ်ရီ ' ဆိုတဲ့ contactကြောင့် ကျီဟန့်လက်သီးတစ်ဖက်ကဆုပ်မိပြီးသားဖြစ်သွားတယ် ။ ထပ်ပြီး သူမ ပဲလား ။ ဟန် သိပ်သိချင်တယ် ။ဒါကြောင့် မောင် ထိုမိန်းကလေးနဲ့ သွားတွေ့မယ့်နေရာကို သူသေချာပေါက်လိုက်သွားမှကိုဖြစ်မယ် ။

မောင် ~♡ ( Complete )Where stories live. Discover now