- 12 -

542 70 4
                                    

[ Zawgyi ]

ခြံထဲက အရောင်မှိန်ကာနွမ်းကျနေတဲ့ အပင်လေးကို ငေးစိုက်ကြည့်ရင်း ဟန့်မျက်ဝန်းတွေဟာ အသက်မဲ့နေတယ် ။ ဒီအပင်လေးက မောင် ဟန်နဲ့ လက်ထပ်ပြီးကာစထဲက စိုက်ခဲ့တဲ့ အပင်လေး၊ဒါပေမယ့် အခုတော့ အပင်လေးဟာသေဆုံးသွားခဲ့ပြီ ။

"ဟန်.."

အိမ်ထဲကပြေးထွက်လာတဲ့ မောင့်လက်ထဲမှာ ရေခွက်တစ်ခွက်နဲ့ ဆေးတွေပါလာတယ် ။ မောင်က ရေခွက်နဲ့ ဆေးကို ခြံထဲက စားပွဲလေးပေါ်တင်လိုက်ပြီး ညိုးနွမ်းသွားတဲ့အပင်လေးကို ရပ်ပြီးငေးစိုက်ကြည့်နေဆဲဖြစ်တဲ့ ဟန့် ကို တွဲခေါ်လို့ ခုံပေါ်မှာထိုင်စေလိုက်တယ် ။ ဟန်က အခုထိ မျက်ဝန်းသေလေးတွေနဲ့ အရှေ့ဘက်ကိုသာစိုက်ကြည့်နေတုန်းပင် ။

မွန်းကြပ်လာတဲ့ ရင်ဘတ်ကို လျစ်လျူရှုပြီး..ဆေးလေးကို ဟန့်လက်ထဲထည့်ပေးတော့ ဟန်က သူ့ကိုမျက်လုံးဝိုင်းလေးတွေနဲ့ကြည့်လာတယ် ။

"သောက်လေ ဟန်"

ဟန်က ဘာစကားမှပြန်မပြောဘဲ ဆေးကိုသာမော့သောက်လိုက်တယ် ။ မောင်က အသင့်ရှိနေတဲ့ရေခွက်လေးကို ဟန့်ဆီကမ်းပေးတယ် ။ ပြီးတော့ ဟန့်လက်ထဲက ရေခွက်လေးကို ပြန်ယူပြီး စားပွဲလေးပေါ်ပြန်ချလိုက်ကာ..ဟန့်အရှေ့က ခပ်စိမ်းစိမ်းမြက်ခင်းတွေပေါ်မှာ ဒူးတစ်ဖက်ထောက်ကာထိုင်ချလိုက်တယ် ။ လက်ကလေးတစ်ဖက်ကို ဆုပ်ကိုင်လိုက်တော့ အနွေးဓာတ်ကလေးတွေဟာ မောင့်ရင်ထဲထိစီးဆင်းတယ် ။ ဒီအနွေးဓာတ်လေးသူ့ဘဝထဲက ပျောက်သွားမှာကို မောင်ကသေမတတ်ကြောက်ရပါတယ် ။

"ဟန်.."

"......"

"မောင် ..တောင်းပန်ပါတယ်၊ မောင်တကယ်တောင်းပန်ပါတယ်"

ထိုစကားဟာ မောင်မကြာခဏဟန့်အရှေ့မှာပြောလေ့ရှိတဲ့စကားတစ်ခွန်းပင် ။အကြိမ်တစ်ထောင်၊တစ်သောင်းမကပြောနေလည်း မလုံလောက်ဘူးဟုမောင်ထင်ပါသည် ။ သူ့အမှားတစ်ခုက ဟန့်ဘဝတစ်ခုလုံးကို ပျက်စီးသွားစေခဲ့တာမဟုတ်လား ။ သူဟန့်အပေါ်လုပ်ခဲ့တဲ့အရာတွေကို သူဦးနှောက်နဲ့တောင်လိုက်မတွေးနိုင်တော့ဘူး ။ သူ အရမ်းကို ဆိုးဝါးခဲ့တာ ။ ဟန်အများကြီး ပင်ပန်းခဲ့မှာပဲ သူ့ကြောင့် !

မောင် ~♡ ( Complete )Where stories live. Discover now