- Final -

870 82 22
                                    

[ Zawgyi ]

အခန်းတွင်း အရက်နံ့တွေမွှန်ထွန်လို့နေသည်။ ဝမ်ရှင်းနဲ့ ရှောင်မေက အိမ်ထဲဝင်လာချင်းချင်း အရက်ပုလင်းတွေကြားထဲခေါင်းစိုက်နေတဲ့ ကုန်းကျွင်းကိုတွေ့လိုက်ရတာမို့ သက်ပြင်းသာချလိုက်ကြတယ်။ ဝမ်ရှင်းက ကုန်းကျွင်းကိုလှုပ်နှိုးလိုက်တော့ ကုန်းကျွင်းဟာ တအေ့အေ့နဲ့ ခေါင်းမော့လာတယ်။

"ကုန်းကျွင်း..မင်းကဘာလို့ ဒီပုံစံဖြစ်နေရတာလဲ"

"အေ့..ဟန်ရော..ဟန့်ကိုရှာတွေ့ပြီလား"

"....."

"ကျွန်တော် ဟန့်ကိုလိုက်ရှာရမယ်"

ကုန်းရုန်းထလာတဲ့သူဟာ သူ့အရှိန်နဲ့သူဆိုဖာပေါ်ပြန်ထိုင်ကျသွားတယ်။ ထို့နောက် ကုန်းကျွင်း မျက်ဝန်းတွေကနေ မျက်ရည်တွေစီးကျလာတယ်။ နာကျင်နေတဲ့နှလုံးသားတွေရှိတဲ့ ရင်ဘတ်တွေဟာစုတ်ပြတ်သတ်နေတယ်။ သူ့အနားမှာ ဟန်ကမရှိတော့ဘူး။

"သူ..တကယ်ပဲ..ကျွန်တော့်ဆီပြန်မလာတော့ဘူးလား"

"ကုန်းကျွင်း.."

ဝမ်ရှင်းက ဒေါသတကြီး ပြောတော့မှာဖြစ်တာကြောင့် ရှောင်မေကလှမ်းတားလိုက်တော့ ဝမ်ရှင်းကသဘောပေါက်သည့်အလား ခေါင်းငြိမ့်လို့ အနောက်ကိုဆုတ်လိုက်တယ်။ ရှောင်မေက ကုန်းကျွင်းအနားကိုသွားကာ ထိုင်လိုက်တယ်။

"ကုန်းကျွင်း..ကျဲပြောပြမယ်နားထောင်"

တိတ်ဆိတ်နေတဲ့ ကုန်းကျွင်းဟာ ခေါင်းကိုသာငေါက်စိုက်လို့ထားတယ်။ အနီးနားက ရှောင်မေက သက်ပြင်းကိုအသာချလို့ ဆက်ပြောတယ်။

"မင်း ဟန်အာ့ကို ပြန်ရှာမတွေ့ချင်ဘူးလား"

ထိုစကားကြောင့် ကုန်းကျွင်းက ရှောင်မေ့ကိုမော့ကြည့်တယ်။ သူ့မျက်ဝန်းတွေက နာကျင်မှုတွေဟာ တစ်ဖက်လူတောင် မြင်နိုင်တဲ့ထိပဲ။ အရမ်းကို အထီးကျန်ပြီး နောင်တရနေတဲ့ အငွေ့အသက်တွေနဲ့။

"ကျွန်တော်ရှာခဲ့ပြီးပြီ..မတွေ့ဘူး ၊ ဘယ်လိုရှာရှာကိုမတွေ့တော့ဘူး"

အက်ကွဲနေတဲ့အသံတွေထဲမှာ ကြွေကွဲမှုတွေအတိုင်းသား။ ရှောင်မေက အားယူကာဆက်ပြောလေတယ်။ သူမ လည်းပဲ အရမ်းကိုစိတ်မကောင်းဖြစ်နေမိတာပင်။

မောင် ~♡ ( Complete )Unde poveștirile trăiesc. Descoperă acum