♡ ကိုကိုရယ် မောင်ရယ် ♡

464 43 2
                                    

[ စိတ်ကူးသက်သက်ပါ ၊ အကုန်လုံးမီလျှောက်ရေးထားတာ ၊ နည်းနည်းတော်ကြာပြီ ၊ wpမှာလည်းသိမ်းထားချင်လို့ ။တင်ချင်လို့ကိုတင်တာပါ။

Fb, Ig တွေသုံးမရတော့ မီတအားစိတ်ညစ် ]

••••••••••

May 26 မှာ ကောင်လေးနှစ်ယောက်ဟာ တွေ့ဆုံဖို့ ကံကြမ္မာဖန်ခဲ့တယ် ။ တစ်ယောက်နာမည်တစ်ယောက်သိထားပြီးသားဖြစ်နိုင်သလို မြင်ဖူးခဲ့ဖူးတာလည်းဖြစ်နိုင်တယ် ။ စကားမပြောဖူးတာကြောင့် နှစ်ယောက်သားက အားနာသလို ရှက်သလိုဖြစ်နေခဲ့လိမ့်မယ် ။

ပထမဆုံး တွေ့ဆုံမယ် ။ တစ်ယောက်နဲ့တစ်ယောက် လက်ဆွဲနှုတ်ဆက်ကြမယ် ။ ပုံမှန်လုပ်ဖော်ကိုင်ဖက်အနေနဲ့ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အေးတိအေးစက်ဆက်ဆံကြလိမ့်မယ် ။ ဒါပေမယ့် သူတို့မသိတာက အဲ့ဒီအချိန်ထဲက ကြိုးလေးတစ်ချောင်းက လက်ဆွဲနှုတ်ဆက်လိုက်တဲ့ နှစ်ယောက်သားရဲ့ လက်ချောင်းလေးတွေမှာ ညှိတွယ်သွားကြပြီဆိုတာပဲ ။

May 28မှာ ရှက်ကိုးရှက်ကန်းနဲ့ မောင့်ဘက်ကနေစလို့ wechat အပ်ခဲ့တယ် ။ scriptဖတ်ပြီး တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောခဲ့ကြလိမ့်မယ်။ အစမ်းသရုပ်ဆောင်တဲ့ အချိန်မှာ မောင့်လက်နဲ့ပထမဆုံးအကြိမ်ထိတွေ့ခဲ့ရတဲ့ ကိုကို့ပါးပြင်လေး ... မောင့်ရင်တွေအရမ်းခုန်နေခဲ့မှာ ။ ဒါကိုမောင် သတ်မှတ်လိမ့်မယ် ။ ကော်ဖီသောက်ထားလို့ပါလို့ ။ မောင်က ကိုယ့်ကိုကိုယ် လိမ်ညာတာသိပ်တော်တဲ့သူပဲလေ ။

မသိတဲ့လူနဲ့ဆို စကားသိပ်မပြောတဲ့ ကိုကိုဟာ မောင့်ကို ခပ်တန်းတန်းဆက်ဆံခဲ့မိလိမ့်မယ် ။ ရိုးသားပြီး ဖော်ရွှေတဲ့မောင်ဟာ ကိုကိုနဲ့ အဆင်ပြေအောင် ရင်းနှီးချင်နေလိမ့်မယ် ။ မောင်ထင်လိမ့်မယ် ဒါဟာ ' သရုပ်ဆောင် တဲ့အခါမှာ အဆင်ပြေအောင် ' လို့ဆိုပြီး ။ တကယ်တော့ မောင့်စိတ်ထဲက လိုလိုလားလားနဲ့  ကိုကို့ ကိုရင်းနှီးချင်ခဲ့တာ ။ ( ဒါလေးက ရိုက်ကွင်းဖွင့်တဲ့နေ့က vdလေးကြည့်ပြီး ထင်တာလေးကိုရေးထားတာပါ )

သရုပ်ဆောင်တစ်ယောက်အတွက် skin shipက အသားကျနေပြီးသားဆိုရင်တောင် ကိုကို့ လက်ကိုဖမ်းဆုပ်ကိုင်လိုက်တဲ့အချိန်မှာ မောင့်ရင်တွေခုန်နေခဲ့မှာ ။ (10.6.20 *မြေကြီးပေါ်လှိမ့်တဲ့ sence* )

ဇာတ်ညွှန်းထဲမှာ ပြန်မဖက်ရပေမယ့် မောင့်ရဲ့ မသိစိတ်ထဲကကို သူ့လက်တစ်ပွေ့စာသာရှိတဲ့ ကိုကို့ရဲ့ ခါးလေးကို ဖက်ထားချင်ခဲ့တာ ။ (27.6.20 *ပွေ့ဖက် sence * )

Você leu todos os capítulos publicados.

⏰ Última atualização: Oct 04, 2021 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

မောင် ~♡ ( Complete )Onde histórias criam vida. Descubra agora