အခန်း - ( ၆ )

71 6 0
                                    

တစ်ကိုယ်လုံး တင်းကျပ်စွာ ချည်နှောင်ထားသော ခံစားချက်ကြီးကြောင့် ရတီတစ်ယောက် မျက်လုံးတို့ကို အားယူ၍ ဖွင့်သော်လည်း မရပေ။ အိပ်မက် မက်နေသလိုလို တကယ်ဖြစ်နေသလိုလို စိတ်တို့ လွင့်မျော၍ ကြောက်လန့်တကြား အကူအညီတောင်းနေသော်လည်း အသံက ထွက်မလာပေ။ ပတ်ဝန်းကျင်က စကားပြောသံတစ်ချို့ကြောင့် မျက်လုံးတို့ကို အားယူ၍ ဖွင့်လိုက်သော်......

" ဟင်.....! ဒါဘာလုပ်တာလဲ မင်းဒင်....လွှတ်ငါ့ကို အခုချက်ချင်းလွှတ်"

" မင်း ပါးစပ်ပိတ်ထားရတီ....မင်းအခုက ငါ့ပုခုံးပေါ်မှာဆိုတာကို သတိထား စိတ်မရှည်ရင် ချောက်ထဲ ပစ်ချလိုက်မယ်....."

ထို့ကြောင့် ရတီလဲ ဘာမှမပြောသာတော့ပေ.....။ အခုအခြေအနေက နည်းနည်းတော့လွဲနေလေပြီ။ ဒီလူ ဘာ့ကြောင့်ရတီ့ကို ဖမ်းခေါ်လာသလဲ။ ပြီးတော့ ကိုကိုတို့ ဆရာကြီးတို့ကရော အခု ဘယ်မှာလဲ....... ။ ဘယ်ကိုရောက်နေလဲ ရတီ ဘာတစ်ခုမှ မသိတော့ပေ။

" ကဲ.....ရှေ့နားတစ်ထောက်နားကြရအောင် "

မင်းဒင်ဆိုသူက သူ့လူတွေကို ပြောပြီး ရတီ့ကို ထမ်းထားရာမှချ၍ သစ်ပင်တစ်ပင်နှင့်ကပ်လျက် ချည်နှောင်ထားလေသည်။ ထို့နောက် နေ့လည်စာ စားရန်ပြင်ဆင်ကြလေသည်။

" ဗိုက်ဆာနေပြီလား ရတီလေး...."

" ရှင်....ဒါက ဘာလုပ်တာလဲ ဘာသဘောလဲ ကိုကိုတို့ဆရာကြီးတို့ရော အခု ဘယ်မှာရှိလဲ......။ "

" အခုလောက်ဆို လူရိုင်းတွေရဲ့ ရန်ကြောင့်သေနေလောက်ရောပေါ့ ......"

" ဘာပြောတယ်....."

" မင်းကြည့်လိုက်လေ....ငါ့လူတွေတောင် လူရိုင်းတွေလက်ချက်ကြောင့် ဒဏ်ရာရသူကရ သေတဲ့သူကသေနဲ့ အားလုံးပေါင်း ငါးယောက်ပဲကျန်တော့တယ်.....မင်းအစ်ကိုတို့က မြေပုံမပါပဲ ဘယ်လိုခရီးဆက်မှာလဲ သေဖို့ကလွဲပြီး အခြားမရှိဘူး ဟားဟား......."

" တောက်! မင်းဒင်....ရှင်တော်တော်ယုတ်မာတာပဲ "

" ငါ့လက်ထဲမှာ မြေပုံရှိနေပြီဆိုတော့ ရွှေမြို့တော်ကြီးကို အလွယ်တကူရှာလို့ရမှာပဲ.....။ ပြီးရင် ရသမျှ ရွေတွေယူပြီး မင်းကို လက်ထပ်မယ်ရတီ.....။ ငါတို့ ချမ်းချမ်းသာသာနေလို့ရပြီ....။ ဘာတွေကို စိုးရိမ်နေတာလဲ ရတီရဲ့...ဟမ်..."

အတ္တမဲ့ ချစ်ခြင်း Where stories live. Discover now