အခန်း - ( ၁၃ )

2.4K 222 24
                                    

နန်းဆောင်အတွင်း ပိုးကောင်ငယ်လေးများ၏ အသံများ တစ်ချက်တစ်ချက် ကြားရသည်မှ လွဲ၍ တိတ်ဆိတ်နေပေသည်။ အနီးအနားတွင် ခေါင်းငုံ့လျက် ရှိသော အထိန်းတော်ကြီးဆီက သက်ပြင်းချသံ သဲ့သဲ့ကြားနေရသည်။

" အထိန်းတော်ကြီး......."

" အမိန့်ရှိပါ.....ဘုရင်မကြီး "

" ကျွန်မကို ပြောစရာ တစ်ခုခုရှိနေပုံပဲ....။ ဘာများလဲ?ပွင့်ပွင့်လင်းလင်း ပြောစေလိုတယ် "

" လူစိမ်းတွေနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ဖို့ စီစဥ်ထားပါသလဲ ဘုရင်မကြီး........."

"အင်း....... သိပ်မကြာခင်မှာ သူတို့ကို ပြန်လွှတ်ပေးဖို့ စဥ်းစားထားတယ်.....။ "

" ရတီလေးကို ခေါ်ထားဖို့လုပ်နေတဲ့ သတင်းကိုလည်း ကြားမိပါတယ် အဲဒါကိစ္စက......"

" အဲဒါကလည်း မှန်ပါတယ်.....ဒါပေမယ့် ကျွန်မ အတင်းအကြပ် မလုပ်ပါဘူး....."

" လူစိမ်းတွေနဲ့ အပေးအယူ လုပ်ထားတယ်လို့ ကြားတယ်.....ဒါကရော..... "

" မေးခွန်းတွေ များလှချည်လား အထိန်းတော်ကြီးရဲ့....."

" စိုးရွံ့မိပါတယ်..... "

တကယ်ဆို နဒီ့ရဲ့ စိတ်အလုံးစုံက ရတီဆီမှာ တွဲလဲခိုနေတာ.....။ သူ့ကြောင့် နဒီ့ရဲ့ ပျော်ရွှင်မှုလေးတွေ မတိတ်ဆိတ်သွားခင်မှာ ရသလောက် အချိန်တွေကို ရပ်တန့်မိချင်နေတယ်။

" ကျမ အခန်းထဲကနေ ထွက်သွားပေးနိုင်မလား အထိန်းတော်ကြီး.....တစ်ယောက်တည်းနေချင်လို့....."

အထိန်းတော်ကြီး ခေါင်းညိမ့်ကာ ထွက်သွားသည်အထိ နဒီ ရပ်ကြည့်နေမိသည်။ တကယ်ဆို အခန်းထဲ တစ်ယောက်တည်းနေရတဲ့ အချိန်တွေက မွန်းကြပ်တယ်။ အချစ်က ဘဝတစ်ခု ဖြစ်လာတဲ့အခါ အရာရာက ကျရှုံးနေတော့တာပဲ။ ဘုရင်မက ဘုရင်မ မဟုတ်တဲ့ အချစ်နတ်သမီးဆီမှာ ကျရှုံးနေလိုက်တာများ အလဲလဲအကွဲကွဲနဲ့..........။
°°°°°°°°

ပြတင်းပေါက်က လှုပ်ရှားမှု အရိပ်အယောင်ကြောင့် ရတီလဲ လှဲနေရာမှ ခေါင်းထောင်ကြည့်လိုက်မိသည်။ထို အခိုက်အတန့်အတွင်းမှာပင် ထိုအရိပ်က ရတီ့အနား ချဥ်းကပ်လာလေသည်။

အတ္တမဲ့ ချစ်ခြင်း Where stories live. Discover now