အခန်း - ( ၅ )

2.5K 202 9
                                    

အန္တရယ်တို့၏ လက်တစ်ကမ်း,

နောက်တစ်နေ့ မိုးလင်းသော် ပစ္စည်းများ သိမ်းဆည်း၍ ခရီးဆက်ကြရပြန်လေသည်။ မိမိတို့ ကိုယ်တိုင် လမ်းဖောက်၍ သွားကြရသောကြောင့် ခရီးဆက်ရာတွင် အနည်းငယ်ကြန့်ကြာမှုများ ဖြစ်ပေါ်သည်မှ လွဲ၍ အန္တရာယ်တစ်စုံတစ်ရာ မတွေ့သေးပေ.....။

တစ်ချို့သော နေရာတွင် စမ်းချောင်းငယ်များကို ဖြတ်၍သွားကြရသည်။ ဆူးပင်ချုံပင်များကြား တိုးဝှေ့သွားကြရသော အခါမျိုးတွင် ခြစ်ရာ အနာတရများ ရကြလေသည်။ ရတီတို့လဲ တစ်နေကုန် မရပ်မနား ခရီးဆက်ကြသည်။

" ရှေ့မှာ စမ်းချောင်း ရှိတယ်နဲ့တူတယ် ......ရေသံကြားနေရတယ်။ ရေနားနီးတဲ့ နေရာမှာ ကျွန်တော်တို့ စခန်းချရအောင် ဆရာကြီး..... "

ဆရာကြီးက ကိုခွန်စိုင်းနော် ပြောသော စကားကို ခေါင်းညိမ့်ပြကာ....

" ကဲ....အဲဒါဆိုရင်လဲ စခန်းချလို့ကောင်းမယ့်နေရာ ရှာကြတာပေါ့ကွာ...."

ရှေ့သို့ အနည်းငယ်ဆက်သွားပြီးနောက်

" ဆရာကြီး....ဒီဘက်မှာ ရေတံခွန် ရှိတယ်...."

ရတီတို့အဖွဲ့လဲ ကိုခွန်စိုင်းနော် ညွှန်ပြရာ ဘက်သို့ ဆင်ခြေလျောအတိုင်း ဆင်းလာခဲ့လေသည်။ ရေတံခွန်ဘက်သို့ရောက်သော် များကြားလှသော ကျောက်ဂူများ နှင့်လျှိုများကို တွေ့ကြရလေသည်။ ဆရာကြီးက သင့်တော်ရာ ဂူတစ်လုံးရှာဖွေ၍ စခန်းချ အနားယူရန်စီစဥ်လေသည်။

" ကဲ....ဒီဘက်ဂူကို လာကြဟေ့....ဒီမှာလေဝင်လေထွက်ကောင်းတယ်"

ရတီတို့လည်း ဆရာကြီး ခေါ်ဆောင်ရာ လိုဏ်ဂူ သို့ ဝင်လိုက်ကြသည်။လိုဏ် ဂူမှာ အတန်အသင့် ကျယ်ဝန်းပြီး လေကောင်းလေသန့်လည်း များစွာရလေသည်။ အဝင်ဝပိုင်းတွင် ကျယ်ဝန်းပြီး နောက်ဘက်ပိုင်းတွင်မူ တဖြေးဖြေး ကျဥ်းမြောင်းသွားသော အနေအထားရှိလေသည်။ ရတီတို့လဲ ပစ္စည်းတွေချ၍ ခြေပစ်လက်ပစ်ထိုင်ချလိုက်ကြသည်။ အနားယူကြပြီးနောက် ညစာ စားရန်အတွက်ပြင်ဆင်ကြရလေသည်။ ဒီည ထမင်းချက်ရန်အတွက် ကိုမင်းဒင်ရဲ့ တပည့်နှစ်ယောက်က တာဝန်ယူကြရသောကြောင့် ဂူမှ ထွက်ကာ ခပ်လှမ်းလှမ်း တစ်နေရာတွင် မီးဖိုကြလေသည်။

အတ္တမဲ့ ချစ်ခြင်း Where stories live. Discover now