⚡ ဇာတ်သိမ်းပိုင်း⚡

4.5K 240 37
                                    

မနက် နေရောင်ခြည်အလင်းဓါတ်ရသည်မှ စ၍ အားလုံးက တောင်ပေါ်မှဆင်းရန် တက်ကြွနေကြသည်။ ကိုယ့်ပစ္စည်းကို သိမ်းဆည်းထုပ်ပိုး၍ အတွေးကိုယ်စီနှင့် ငြိမ်သက်လျက်ရှိကြလေသည်။ မကြာမီ နေရပ်ပြန်ကြရတော့မည်ဖြစ်၍ အားလုံးက ဝမ်းသာပီတိဖြစ်နေကြဟန်တူသည်။

တောင်သည် အတက်တွင်လွန်စွာခက်ခဲလှသော်လည်း ပြန်ဆင်းချိန်တွင်မူ လွန်စွာလွယ်ကူလှပေသည်။ ထို့ကြောင့် တောင်အောက်သို့ အန္တရာယ်ကင်းကင်းဖြင့် လျှင်မြန်စွာပင် ဆင်းနိုင်ကြသည်။

ကျောက်တောင်ကမ်းပါးဘေးက ပတ်သွားရင်း အောက်သို့ကြည့်မိသော် အလွန်လှပစွာစီးဆင်းနေသော မြစ်တစ်စင်းကို လှမ်းမြင်ကြရလေသည်။ ထိုမြစ်ဘေးတွင် အဆင်သင့်ဆိုက်ကပ်ထားသော လှေတစ်စင်းကိုလည်းလှမ်းမြင်ကြလေသည်။

ရတီတို့အဖွဲ့လည်း လှေပေါ်တက်ကာ နေရာယူလိုက်ကြပြီး ကိုခွန်စိုင်းနော်နှင့် ကိုစောထွေးတို့က လှော်တက်ကိုင်ကြလေသည်။ ဘုရင်မကြီးရဲ့ လမ်းညွှန်ချက်အတိုင်း ရေစုန်အတိုင်း လှေကိုလှော်ခတ်ကာ သွားကြလေသည်။

မြစ်ရေ စီးဆင်းပုံမှန်အလွန် ညိမ့်ညောင်းလှပေသည်။ ဖြတ်သန်းလာရာ တောသည်ပင် မည်သည့်အသံတစ်စုံတစ်ရာမှ မကြားရပေ။ သားရဲတိရစ္ဆာန်တို့၏ အသံများ မကြားရသည့်အပြင် လေတိုက်ခတ်၍ သစ်ပင်သစ်ရွက်များလှုပ်ခြင်းပင်မရှိပေ။

မြစ်ရေအတိုင်းစုန်ဆင်းသွားရင်း တစ်နေရာအရောက် ရွာကဲ့သို့သော် အိမ်ခြေစုကလေးများကို တွေ့ကြရလေသည်။

ထိုရွာငယ်လေးမှ လူတစ်ချို့ရဲ့ပြောစကားကြောင့် မိမိတို့လက်ရှိရောက်နေသောနေရာသည် သွားလိုသောနေရာနှင့် သိပ်မဝေးကြောင်း အံ့အားသင့်စွာသိကြရသည်။ ထို့ကြောင့် ထိုရွာကလေးမှ တစ်ဆင့် ခရီးဆက်ကြပြန်ရာ နှစ်ရက်အတွင်း လျှင်မြန်စွာ ပြန်ရောက်လာနိုင်ကြသည်။

အိမ်သို့ပြန်ရောက်လာပြီးနောက် ရွာလူကြီးက အကြောင်းစုံမေးလေရာ အားလုံးက စိတ်မကောင်းဖြစ်ကြလေသည်။

" ကျုပ်စိတ်မကောင်းဘူး ကိုစိုင်းဆမ်ရယ်.....ခင်ဗျားတူကိုပြန်ခေါ်မလာနိုင်ခဲ့ဘူး......"

အတ္တမဲ့ ချစ်ခြင်း Where stories live. Discover now