အခန်း - ( ၁၅ )

2.8K 220 13
                                    

" ဘုရင်မကြီး......."

တိတ်ဆိတ်လျက်ရှိသော နားနေဆောင်အတွင်း ကိုမင်းအောင်ရဲ့အသံသြသြက ဟိန်းထွက်လာသည်။

" ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့မလား......။ "

" လိုက်ခဲ့ပါလားဗျာ....ဒီမှာ အထီးကျန်နေရစ်မယ့်အစား ပတ်ဝန်းကျင်အသစ်အဆန်းမှာ ပျော်မွေ့ကြည့်စမ်းပါ"

ကိုမင်းအောင်ရဲ့စကားကို ကိုခွန်စိုင်းနော်က ထောက်ခံ၍ ဝင်ရောက်ပြောဆိုလေသည်။ နဒီဒေဝီက စကားတစ်စုံတစ်ရာမပြောပဲ ပြုံး၍သာနေလေသည်။

စကားဝိုင်းက တစ်ဖန်ပြန်၍ငြိမ်သက်သွားပြန်သည်။ကလျာက သူမရဲ့ဓားကို ဓားအိမ်ထဲကထုတ်လိုက်ထည့်လိုက် လုပ်ရင်လုပ် မလုပ်ရင် လက်ချောင်းတွေကိုချိုးလိုက်နဲ့ တစ်ယောက်တည်းအလုပ်ရှုပ်နေလေရဲ့......။

ရတီကတော့ ကလျာရဲ့လှုပ်ရှားမှုတွေကို ဘာရယ်မဟုတ် လိုက်ငေးကြည့်မိနေတယ်။ ကိုကိုတို့စကားသံတွေက ရတီ့နားထဲမှာ တစ်ချက်တစ်ချက် ကြားလိုက်မကြားလိုက်ပဲ။

" ကျွန်မလဲ ရှင်တို့နဲ့အတူ လိုက်ချင်ပါတယ် ကိုမင်းအောင်ရဲ့....ဒါပေမယ့် ကျွန်မဟာ ဒီတိုင်းပြည်ရဲ့ဧကရီတစ်ပါးဖြစ်တဲ့အတွက် တစ်ကိုယ်ကောင်းမဆန်ချင်ဘူး........"

ဘုရင်မကြီးက လက်ထဲက လက်ဖက်ရည်ပန်းကန်လုံးကို အောက်ခံပန်းခံပြားပေါ်သို့ဖြေးညင်းစွာချပြီးမှ ဆက်ပြောတယ်။

" ဒီနေရာက ရှင်တို့ထင်နေသလို ကျိန်စာသင့်နေတယ်လို့ပြောရရင်လဲမမှားပါဘူး။ ထူးဆန်းစွာဖြစ်တည်နေတဲ့ ဒီနေရာမှာ ကျွန်မဟာ ဘုရင်မတစ်ပါးအနေနဲ့များပြားတဲ့ယောက်ျားထုကြီးကို အုပ်စိုးနေရတယ်။"

ကိုမင်းအောင်တို့က ဘုရင်မကြီးရဲ့စကားကိုခေါင်းတညိမ့်ညိမ့်နဲ့နားထောင်နေကြတယ်။

"ကျွန်မမှာ ဒီနေရာကို စွန့်ခွာပိုင်ခွင့်မရှိဘူး။ ဒီနေရာကို မသနာသူတွေလက်ထဲမရောက်အောင် ကာကွယ်ရတယ်။ ကျွန်မသာ ဒီနေရာကို စွန့်ခွာမယ်ဆိုရင် အပြစ်ပေးခံရလိမ့်မယ်......."

" ဟုတ်ကဲ့ခင်ဗျာ့.....တိုက်ဆိုင်မှုရှိရင်နောက်တစ်ကြိမ်ပြန်ဆုံချင်ပါသေးတယ်......."

အတ္တမဲ့ ချစ်ခြင်း Where stories live. Discover now