အခန်း - ( ၁၂ )

2.4K 203 17
                                    


" ကလျာ....ဒီကို ဘယ်လိုဝင်လာတာလဲ။ အန္တရာယ် များတယ်ဆိုတာ မသိဘူးလား။ "

" ကလျာသိပါတယ် ရတီ.....ကိုမင်းအောင်တို့ ဒီထဲကို ဝင်မယ်ဆိုပြီး ထွက်သွားတာ ပြန်ရောက်မလာလို့ ကလျာနောက်ကလိုက်လာတာ......."

" ကိုကိုတို့ အဖမ်းခံထားရတယ် ကလျာ......အဲဒါကြောင့် ဒီကနေ အမြန်ထွက်သွားပါ အန္တရာယ်များလွန်းတယ်......"

" ဒါဆို သွားကြမယ်လေ ရတီ......"

ရတီက ကလျာ့လက်တွေကို ဆုပ်ကိုင်ပြီးနောက်.....

" ရတီ အခု လိုက်လို့မဖြစ်သေးဘူး ကလျာ......"

" ဘာလို့လဲ ကလျာနဲ့ အတူ ထွက်ပြေးလို့ရနေရဲ့သားနဲ့......"

" အင်း......ထွက်ပြေးလို့ရတယ် ဒါပေမယ့် နှစ်ယောက်စလုံး ပြန်ပြီး အဖမ်းခံရမှာပဲ.... အာ့ကြောင့် ကလျာပဲ အမြန်သွားပါ။ ရတီက ဒီမှာ အဆင်ပြေတာမို့....."

ကလျာက ရတီနဲ့မျက်နှာချင်းဆိုင် အနေအထားဖြစ်အောင် ရပ်လိုက်ပြီး ရတီ့ကို စိုက်ကြည့်လေသည်။

" နောက်ရက် ထပ်လာခဲ့မယ် ရတီ....."

ကလျာက ရတီ့လက်ထဲသို့ ပစ္စည်းတစ်ခုကို ထည့်ပေးကာ ပြတင်းပေါက်ကနေ လျှင်မြန်စွာ ဆင်းသွားလေသည်။
°°°°°°°

အချုပ်ခန်းထဲတွင် ကိုမင်းအောင်တို့ သုံးယောက်သား ခေါင်းချင်းစိုင်လျက်ရှိကြပေသည်။ ဘုရင်မကြီးက မိမိတို့ကို မည်သို့ပင် လွှတ်ပေးမည်ဟု ပြောစေကာမူ လက်ရှိအချိန်သည် သူမရဲ့ဖမ်းဆီးခြင်းကို ခံထားကြရသည်။ ထို့ကြောင့် သူမ လွှတ်ပေးမည့် အချိန်ကို စောင့်နေရန် မဖြစ်ကြောင်း မိမိတို့ နားလည်ထားကြသည်။ အတော်ကြာ ဆွေးနွေးကြပြီးနောက်...... အချုပ်ခန်းကနေ လွတ်ရန် နည်းလမ်းကို ရကြလေသည်။

" ဟေ့......မောင်ရင်...."

ကိုစောထွေးက ခပ်လှမ်းလှမ်း တွင် ကင်းလှည့်လျက်ရှိသော ရဲမက်တစ်ယောက်အား လှမ်း၍ ခေါ်လိုက်လေသည်။ ထို ရဲမက်က ဘာလဲဟူသည့် သဘောနှင့် မေးဆတ်ပြလေသည်။

" ကျုပ်တို့အတွက် သောက်စရာရေအနည်းငယ်လောက် ယူပေးလို့ရမလား......။ "

အတ္တမဲ့ ချစ်ခြင်း Where stories live. Discover now