အခန်း - ( ၃ )

3.2K 250 2
                                    

သံယောဇဥ်ကြိုးတို့ ရစ်ပတ်မိခြင်း,

ထိုတောင်ပေါ်ရွာလေးတွင် တစ်ပတ်လောက်နေထိုင်ပြီးနောက် ဆရာကြီး က ခရီးထွက်ရန် ပြင်ဆင်လေသည်။

" တို့ ဘက်က မောင်မင်းအောင်တို့ မောင်နှမ နှစ်ယောက်ရယ် ကျုပ်ရယ် ခွန်စိုင်းနော် ရယ်ပဲ" ဟု ဆရာကြီးက ပြောလေသည်။ ထိုအခါ ရွာသူကြီး ဦး စိုင်းဆမ်က "ကျုပ်ကတော့ ခင်ဗျားတို့ အတွက် ကူဖော်လောင်ဖက်လဲရအောင် ကျုပ်ရဲ့ လူယုံနှစ်ယောက်ဖြစ်တဲ့ စောထွေးနဲ့ စံလှကို ထည့်ပေးလိုက်မယ်ဗျာ......ဘယ်နှယ့်လဲ ။ "

ဆရာကြီး က ရွာသူကြီး ရဲ့ စကားကို ခေါင်းတညိမ့်ညိမ့်နဲ့နားထောင်ရင်း......

" ခင်ဗျားလူတွေထည့်ပေးလိုက်မယ်ဆိုတော့လဲ ပိုပြီး အဆင်ပြေတာပေါ့ဗျာ....."

ဆရာကြီးတို့အနားတွင် ထိုင်နေသော ကလျာက.....

"ဖေဖေ သမီးလဲ ဆရာကြီးတို့နဲ့ လိုက်သွားပါရစေ.....။"

ရွာသူကြီး ဦးစိုင်းဆမ်က ကွမ်းယာဝါးရင်း....

"သမီးငယ်လေး လိုက်ချင်တယ်ဆိုရင်လဲ လိုက်ပေါ့ ဟောဒီက ရတီလေးလဲ မိန်းကလေးအဖော်ပါတော့ အဆင်ပြေတာပေါ့"

ထိုစကားကြားရတော့ ရတီတကယ်ပျော်ပါသည်။ ခရီးထွက်လာရတာ မမှားဟုပင် ထင်မိလေသည်။ ကလျာပါမည်ဆိုတော့ ပိုပြီး အားတက်သွားသလိုပင်။

ရတီတို့ အဖွဲ့တိုင်ပင်နေတဲ့အချိန်တွင် ရောက်လာသူက မင်းဒင်ဆိုသူပင်ဖြစ်လေသည်။

"ဒီမှာ သူကြီး....ခင်ဗျားတို့ဆီက မြေပုံက ကျုပ်အဖေ အသက်နဲ့ရင်းပြီး ဆွဲခဲ့တဲ့ မြေပုံဗျာ့...။"

မင်းဒင်၏ စကားကိုကြားတော့ အားလုံးရဲ့အကြည့်တွေက မင်းဒင်ဆီမှာပင်.....။

" ဒီတော့..... ဒီခရီးမှာ ကျုပ်လဲ လိုက်ရမှဖြစ်မယ် "

"ကောင်းပြီလေ မောင်ရင် လိုက်ချင်သပါ့ဆိုရင်လဲ လိုက်ပေါ့....ကျုပ်တို့ မတားမြစ်ပါဘူး " ဟု ဆရာကြီးစိုင်းခမ်းက ဝင်ပြောလေသည်။

ထိုအခါ မင်းဒင်ဆိုသူလည်း စိတ်ကျေနပ်ကာ သူကြီးတို့ခြံထဲမှ ထွက်သွားလေတော့သည်။

အတ္တမဲ့ ချစ်ခြင်း Where stories live. Discover now