အခန်း - ( ၈ )

2.2K 192 6
                                    

တစ်ကိုယ်လုံး နာကျဥ်ကိုက်ခဲမှုတွေနဲ့အတူ ရတီတစ်ယောက် သတိပြန်ရလာလေသည်။ မနက်ကအကြောင်း ပြန်တွေးမိပြန်တော့ ခေါင်းက တဆစ်ဆစ်နာလာသည်။ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်မိတော့လည်း လက်ကိုကြိုးတုပ်ထားသော အနေအထားဖြင့် ရတီတစ်ယောက် မြေတွင်းထဲ ရောက်နေလေသည်။ ရတီ ဒီနေရာကို မည်သို့မည်ပုံ ရောက်လာခဲ့သည်ကိုလည်း သတိမရပေ။ ရတီသိသည်က ကိုမင်းဒင်တို့နှင့် ခရီးသွားနေရင်း ရုတ်တရက် မေ့လဲကျသွားသည်ကိုပင်။ယခုသတိရလာသောအခါ ကြိုးတုပ်လျက်သားဖြင့် မြေတွင်းထဲ ရောက်နေပြန်သည်။ ခဏအကြာ ဆူဆူညံညံအသံများကို ကြားရလေသည်။ ထိုအသံများက ရတီ့ဆီသို့ ဦးတည်၍ လာနေကြောင်း သိသော်လည်း ပြေးဖို့အခွင့်အလမ်းမရှိပေ........။

ထိုအသံများ နီးလာမှ လူရိုင်းအုပ်စုမှန်းသိလိုက်ရလေသည်။ လူရိုင်းများက ရတီ့ကို ဆွဲခေါ်လျက် ကွင်းပြင်တစ်ခုသို့ ခေါ်သွားလေသည်။ထိုကွင်းပြင်အနားတွင် ချောက်တစ်ခုရှိ၍ ထိုချောက်ကမ်းပါးတွင် မီးဖိုကြီးတစ်ခုဖိုထားသည်ကိုလည်း တွေ့ရသည်။ လူရိုင်းများက ရတီ့ကို တိုင်တစ်တိုင်နှင့် ပူးကပ်၍ ကြိုးချည်ထားလေသည်။ ရတီ့ကို ကြိုးချည်ပြီးနောက်မကြာမီ လူတစ်ယောက်ကို ဆွဲခေါ်လာပြန်လေသည်။ ထိုလူမှာ သွေးအလိမ်းလိမ်းဖြင့် နီရဲလျက်ရှိပေသည်။ အနားရောက်မှ ကိုမင်းဒင်၏ လူမှန်းသိရလေသည်။

" ဟေ့လူ.....ဟေ့လူ..... "

ရတီခေါ်နေသောလည်း ထိုလူက တော်တော်နှင့် သတိမရပေ။ လက်နှင့် ခန္ဓာကိုယ် က ကြိုးနှင့်တုပ်ထားခြင်း ခံရသောကြောင့် ရတီလည်း ခြေထောက်နှင့် သုံးလေးချက်လောက် ကန်လိုက်လေသည်။ သို့မှသာ ထိုလူက တအင်းအင်း ညည်းညူရင်း သတိရလာလေသည်။

" ဟေ့လူ......ဒါက ဘယ်လိုဖြစ်ရတာလဲ ရတီ့ကို ပြောပြပါဦး...."

" ကျွန်တော်တို့ လမ်းသွားနေတုန်း လူရိုင်းတွေနဲ့ တိုးတာ.....မရတီက သူတို့ရဲ့ မြှားမှန်ပြီး သတိမေ့သွားတာ....."

" အင်း.....ကိုမင်းဒင် ရော ဘယ်မှာလဲ သူပါ မိသွားတာလား......"

" မမိဘူး.....လူရိုင်းတွေရန်က လွတ်သွားတယ်။ "

အတ္တမဲ့ ချစ်ခြင်း Where stories live. Discover now