အခန်း - ( ၁၀ )

2.4K 199 5
                                    

" ဘုရင်မကြီး ကြွလာပါပြီ......."

အခန်းရှေ့ကနေ အသံကြားသောကြောင့် ရတီလဲ ထိုင်နေရာမှ ထရပ်လိုက်သည်။ အခန်းတံခါးပွင့်သွားပြီးနောက် ဘုရင်မကြီးက ရတီရှိရာသို့ လျှောက်လာလေသည်။

" မအိပ်သေးဘူးလား...... "

" အဖမ်းခံထားရတဲ့အခြေအနေမှာ
ဘယ်သူက အိပ်ပျော်နိုင်ပါ့မလဲ...."

" ဒါဆို.....လမ်းလျှောက်ထွက်မလား"

" လမ်းလျှောက်?"

" အင်း........"

ဘုရင်မကြီးက ရတီ့လက်ကို ဆွဲခေါ်ကာ ရှေ့ကနေသွားလေသည်။ ဂူပေါက်တစ်ခုကို ဖြတ်ပြီးနောက် အလွန်လှပသော နေရာတစ်ခုသို့ရောက်လေသည်။

" ဒါ.....ဒါက ဘယ်နေရာလဲ လှလိုက်တာ "

" လျှို့ဝှက်ဥယျာဥ်တော်ပဲ ရတီ...."

" ဘာလို့ ရတီ့ကို ဒီကိုခေါ်လာတာလဲ"

" ဒီနေရာက ငါတစ်ယောက်ပဲ သိတဲ့နေရာပဲရတီ....ဒီနေရာက စိတ်တွေကိုပေါ့ပါးစေတယ် အခုမင်းလဲ သိသွားပြီဆိုတော့ အချိန်မရွေး လာလို့ရပါတယ်"

" ဘုရင်မကြီး......"

" ငါမင်းကို မချုပ်ထားတော့ပါဘူး လွတ်လွတ်လပ်လပ်နေလို့ရပါတယ် ဒါပေမယ့် ဒီကနေ ထွက်ပြေးလို့တော့မရဘူး ရတီ....."

" ........."

" ငါ့အမိန့်နာခံနေသရွေ့ မင်းကို ထိခိုက်အောင် မလုပ်ပါဘူး ရတီရဲ့....."

" ဘာလို့ ရတီ့ကို ဒီတိုင်းပြည်မှာ နေခိုင်းချင်တာလဲ "

" မင်းငါ့ကို မကြောက်ဘူးလား ရတီ....ငါ့ကို ဒီလိုပြန်ပြောပြီး မလေးမစားလုပ်တာဆိုလို့ မင်းတစ်ယောက်ပဲတွေ့ဖူးတယ်......."

ရတီလဲ ဘုရင်မကြီး ဘက်သို့လှည့်ကာ မျက်လုံးချင်းစုံအောင်ကြည့်လိုက်မိသည်။

" အဲဒါတော့ ရတီလဲ သေချာမသိဘူး သူ့အလိုလိုကြောက်စိတ်မရှိတာ....."

" ဘယ်လို......"

ဘုရင်မကြီးက ရယ်လျက် ခုံတစ်ခုပေါ်သို့ဝင်ထိုင်လေသည်။ရတီ့ကိုလည်း ထိုင်ရန်ပြောသောကြောင့် ဘေးချင်းကပ်ဝင်ထိုင်လိုက်သည်။

အတ္တမဲ့ ချစ်ခြင်း Where stories live. Discover now