အခန်း - ( ၂ )

3.9K 260 0
                                    

တောင်ပေါ်ရွာလေးမှ သံယောဇဥ်,

နှစ်ရက်သုံးရက်လောက် သွားသော အခါ ထိုရွာကလေးသို့ ရောက်လေသည်။

"ကဲ....မောင်မင်းအောင်, တို့တွေ တောင်ပေါ်ကို ကားနဲ့တက်လို့မရဘူး ဒီတော့ ပစ္စည်းတွေယူကြ ခြေလျင်တက်ကြရအောင် "

"ဟုတ်ကဲ့....ဆရာကြီး"

" မောင်ခွန်စိုင်းနော်က ဒီစာကလေးယူသွား ကားကို အဲမှာပဲ ထားခဲ့လိုက် "ဟု ဆရာကြီးက သူ၏ မိတ်ဆွေအိမ်သို့ ကိုခွန်စိုင်းနော်အား လွှတ်လိုက်လေသည်။

ထို့နောက်.....ဆရာကြီးကပင်

"တောင်ပေါ်မှာ တစ်ပတ် နှစ်ပတ်လောက် နေပြီးမှ တို့တွေ ခရီးဆက်ကြတာပေါ့....။ "

"ဟုတ်ကဲ့....."

"ပြီးတော့....သမီးရတီလဲ အဖော်ရအောင် ဟိုက မိန်းကလေးတစ်ယောက်ကိုလဲ အဖော်ခေါ်ရဦးမယ် ။"

"ဟုတ်ကဲ့....ဆရာကြီး အဆင်ပြေသလိုသာ စီစဥ်ပါခင်ဗျာ့....။ "

ခဏကြာသော် ခွန်စိုင်းနော် ပြန်ရောက်လာလေသည်။

" ဆရာကြီး ကျွန်တော်တို့ နေမဝင်ခင် တောင်ပေါ်တက်ကြရအောင် " ဟု အသံဝဲဝဲနှင့် ပြောလေသည်။

ဆရာကြီးက ရှေ့က သွား၍ ကိုကိုနှင့် ရတီတို့က နောက်က လိုက်ရသည်။ ကို ခွန်စိုင်းနော် က နောက်ဆုံးက လိုက်လေသည်။

မိုးချုပ်ခါနီးမှ တောင်ပေါ်ရွာလေးသို့ ရောက်လေသည်။

"ရှုခင်းက လှလိုက်တာ ကိုကိုရယ်....☺"

" အေးပေါ့လေ အခုမှ ရောက်ဖူးတဲ့လူဆိုတော့လဲ....😜"

"တွေ့လား....ကိုကိုနော် သူခဏခဏရောက်ဖူးတယ်ဆိုပြီး လူကို..... 😩"

ကိုခွန်စိုင်းနော်ကတော့ ရတီတို့မောင်နှမနှစ်ယောက်ပြောတာတွေကို ကြားတော့ ရယ်နေလေသည်။

ရွာထဲရှိ အိမ်လေးတွေက ခြေတံရှည်အိမ်လေးတွေက များသည်။ ခြံဝင်းတွေကလဲ အတန်အသင့်ကျယ်ဝန်းသည်။ တစ်ခြံနှင့် တစ်ခြံကပ်မနေပေ။

အိမ်ကြီး အိမ်ကောင်းပုံစံ အိမ်တစ်လုံးရှေ့သို့ရောက်သောအခါ ဆရာကြီးက ရှေ့မှဝင်၍ ရတီတို့ သုံးယောက်က နောက်မှ လိုက်ကြရလေသည်။ ကိုကိုကတော့ ဒီနေရာ ခဏခဏရောက်ဖူး၍ အမြင်မစိမ်းပေ။

အတ္တမဲ့ ချစ်ခြင်း Where stories live. Discover now