ခရီးကြမ်းသို့ အစပြုခြင်း,
" ကဲ.....ပစ္စည်းတွေ သေချာစစ်ကြဝေ့....ခဏနေ အဆင်သင့်ဖြစ်ရင် သွားကြမယ် ။ ဒါထက် တို့လူတွေရော စုံပြီလား ။ "
" စုံပြီ ဆရာကြီးရေ....."
ဆရာကြီးရဲ့ အမေးကို ခွန်စိုင်းနော် ကပင် အသံဝဲဝဲနှင့်ပြန်ဖြေလေသည်။ ဆရာကြီးက ခေါင်းတညိမ့်ညိမ့်လုပ်ရင်း ဆေးတံကို ပါးစပ်မှာ ခဲလိုက်ကာ.......
" ကျုပ်တို့ကတော့ သွားဖို့အဆင်သင့်ဖြစ်ပြီ ကိုစိုင်းဆမ်ရေ..... ခင်ဗျား သမီးအတွက်လဲ မပူပါနဲ့...."
" မပူပါဘူးဗျာ....ကိုစိုင်းခမ်းရော မောင်မင်းအောင် ပါ ပါနေမှတော့..... ကျုပ်စိတ်ချယုံကြည်ပါတယ်....ကဲကဲ အချိန်ရှိတုန်း သွားကြတော့....."
ရတီတို့ အုပ်စုလဲ ပစ္စည်းများ ကိုယ်စီ ကိုယ်စီ သယ်ကာ ရွာမှစထွက်ကြလေသည်။ ရွာ ထိပ်သို့ရောက်သော် မင်းဒင်တို့ အုပ်စုအား တွေ့ရလေသည်။ သူတို့ အုပ်စုမှာ အားလုံး ၁၀ယောက်ခန့်ရှိလေသည်။ မင်းဒင်ဆိုသူက သေနတ်ကို ပုခုံးပေါ်ပြောင်းတင်ကာ.....
" ဒီလို တောလမ်းခရီးဆိုတာ အုပ်စုတောင့်မှ အဆင်ပြေတာပေါ့.... ဟုတ်တယ်မလား ဆရာကြီး......."
ဆရာကြီးက မင်းဒင်ကို စူးစူးစိုက်စိုက်ကြည့်ပြီးနောက်....
"စောထွေးနဲ့ စံလှက တောအကြောင်း နားလည်တော့ ရှေ့ကနေ လမ်းပြသွားကြကွယ်.....မိန်းကလေးနှစ်ယောက်ကိုတော့ အလယ်မှာထား....မောင်မင်းဒင်တို့ အုပ်စုကတော့ လူစုတောင့်တော့ နောက်ကနေပဲ လိုက်ခဲ့ကြ.....။ "
ဆရာကြီးရဲ့ စကားဆုံးတာနဲ့ တောထဲသို့ တက်ညီလက်ညီဝင်ကြလေသည်။ ရွာသူကြီး ၏ တပည့်တွေ ဖြစ်ကြတဲ့ စောထွေးနဲ့ စံလှက ရှေ့ကသွားကာ ဓားကိုယ်စီနဲ့ရှင်းလင်းလျက် လမ်းဖောက်ပေးကြလေသည်။ ရတီတို့လဲ သူတို့နောက်မှ ထပ်မံ ရှင်းလင်း၍ သွားကြရသည်။ ကလျာကလဲ ရတီ့ကို တစ်လမ်းလုံး ဂရုတစိုက်ရှိလှပေသည်။ မရပ်မနား သွားကြပြီးနောက် နေမွန်းတည့်ချိန်တွင် ထမင်းစား ခဏ နားကြရလေသည်။
အရိပ်ကောင်းသော သစ်ပင်အောက်တွင် နေရာယူပြီးနောက် ပါလာသော ပစ္စည်း များချကာ စားသောက်ရန်ပြင်ကြလေသည်။ ဟင်းအတွက်ကတော့ အသားခြောက်များနှင့် အခြားသော အခြောက်အခြမ်းများ ပါသောကြောင့် အဆင်ပြေလှပေသည်။ ထမင်းကိုတော့ ကိုခွန်စိုင်းနော်ကပင် တာဝန်ယူချက်ပြုတ်ပေးလေသည်။
YOU ARE READING
အတ္တမဲ့ ချစ်ခြင်း
Adventure( Unicode ) " မင်း စိတ်ကြိုက် ရွေးချယ်လိုက်ပါ ရတီ.....။ မင်းအလို ရှိရာ ဖြည့်ဆည်းပေးမယ့် သူဟာ ငါပါ.....။ မင်းဆန္ဒရှိတယ်ဆိုရင် မင်းရှာနေတဲ့အရာတောင်မလိုပဲ ငါမင်းကို ပြန်ပို့ပေးနိုင်ပါတယ်။ အမြဲတမ်း အနိုင်ရနေတဲ့ ငါလို ဘုရင်မတစ်ပါးက အချစ်ရဲ့နွံမှာ နစ်မိလ...