1

4.8K 139 2
                                    

"အန်တီ သမီးဖို့ nescafe တစ်ခွက်"

"ဟယ် သမီး အဲ့တာတစ်ထုပ်ပဲကျန်တော့တာ ဒီကလေးလေးအရင်မှာထားလို့၊။  super ယူမလားဟင်"

"ရတယ်ရတယ် အန်တီ။ ဒါဆို ထမင်းဆီစမ်းထုံးစမ်အတိုင်းလေးပွဲ၊ ကြက်ဥ‌ကြော်နဲ့သုံးပွဲ၊ အ  ပြုတ်နဲ့တစ်ပွဲနော်"

  မျက်နှာတစ်ခြမ်းတင် မြင်ရတဲ့ အနေအထားမှာရှိတဲ့ ကောင်မလေးတစ်ယောက်ဟာ အန်တီရခိုင်မယ်ဆီမှာ စားစရာမှာနေလေတယ်။

"အန်တီ ဒါဆို သူ့ကိုပေးလိုက်ပါ ။ကျွန်တော်က superလည်းကြိုက်တယ်"

သူမဟာ ကျေးဇူးတင်ကြောင်းပြတဲ့ မပွင့်တပွင့်အပြုံးလေးငမ့်လင့်လာတယ်။

အို အေးချမ်းလိုက်တာဗျာ ။

မပွင့်တပွင့် အပြုံးသေးသေးလေးဟာ လူကို ဒီလောက်အေးမြစေလျှင် ဟက်ဟက်ပက်ပက်‌ရီမောသံလေးများသာဆိုရင် ကမ္ဘာကြီး ငြိမ်းချမ်းသွားလေမလား။

တကယ်ပါဗျာ။ ကျောင်းတက်တာ နှစ်၀က်ကျော်လာပြီ။ ကျောင်းရဲ့အလှအချော queenဆိုတာတွေလည်း မြင်ဖူးထားပါပြီ ။ သူလေးကတော့ တကယ်ကို ရွှေရင်အေးလေးပါလား။

"ဟေ့ရောင် မျက်နှာကြီးက ဖြီးလို့ ဘာဖြစ်နေတာလဲ "

"အေးလေ ခုနကတော့ စောစောထလာရလို့ဆိုပြီး သုန်မှုန်လို့"

"ငါ အချစ်နဲ့တွေ့လာတာကွ ဟီးဟီး"

"ဘယ်တစ်ယောက်လဲ ငါတို့လဲ ပြလေကွာ၊ မင်းပဲတွေ့မနေနဲ့"

"ဟာ ဟေ့ရောင်တွေ မင်းတို့မှာက crushတွေမှ ပုံအောလို့ ၊ ငါ့မှာတော့ ဒီတစ်ခါသာ ကြုံဖူးတာပါကွာ အလျော့ပေးကြပါ"

"အေးပါကွာ ဘယ်တစ်ယောက်လဲသာပြ"

သူမက ကျွန်တော်တို့ဝိုင်းနှင့် တစ်ဝိုင်းကျော်ခုံမှာ ကျွန်တော်ရှိရာအရှေ့ဘက်သို့ မျက်နှာမူထိုင်၍နေသည်။ ပတ်၀န်းကျင်ကိုကြည့်၍မနေ။ သောက်လက်စကော်ဖီခွက်ကိုသာငုံ့သောက်နေလေသည်။ မျက်မှန်ကို အခိုးဟပ်သည်ထင်ပါရဲ့။ မျက်‌မှန်ဝိုင်းဝိုင်းလေးကိုချွတ်လိုက်တော့လည်း ရှင်းရှင်းလေးနှင့် တစ်မျိုးကြည့်ကောင်းပါလား။

"ဟေ့ရောင် မင်းမပြောလည်း ငါသိလိုက်ပြီ မင်း‌စိုက်ကြည့်နေတာ ဟိုက သိသွားပါဦးမယ်ကွာ ဟန်လေးဘာလေးထိန်းပါဦး"

"အော် အဲ့အမလား ဟုတ်လား "

"အင်း သူ သိပ်ကိုလှတယ်မလား"

"အဲ့အမကို ငါသိတယ် welcome မှာ selectionsရွေးဖို့လာခေါ်တဲ့ထဲမှာ ပါတယ်လေ"

"အာ ငါ အဲ့နေ့က ကျောင်းမတက်ခဲ့တာ ၊ဒါကြောင့် သူ့ကိုမမြင်ဖူးတာကိုး ၊ နာမည်လေးရော သိကြလား"

"မသိဘူးငါတော့ "

"ငါလည်း မသိဘူး ဒါပေမဲ့ စုံစမ်းပေးမယ် ခုတော့ မြန်မြန်သွတ် နောက်ကျရင်roll callမပေးတဲ့ သင်္ချာချိန်ကွ"

ဆံပင်ထူနက်နက်တထွေးကို ဖဲကြိုးဝါလေးနဲ့ ကပိုကယိုချည်ထားသော သူမသည်ကား သူမအဖော်များနှင့် အတူ ကျောင်းဘက်ဆီသို့ ထသွားကြလေပြီ။

ရင်ခုန်ခြင်းနှင့် ရင်အေးခြင်းကို တပြိုင်နက်တည်း ဖြစ်ပေါ်စေခဲ့သော သူမအပေါ် ကျွန်တော့်အချစ်၏ ရှေ့ပြေး၊ စိတ်၀င်စားခြင်းသည်ကား စတင်တော့သည်။

ကျွန်တော့်ရဲ့crushWhere stories live. Discover now