14

817 64 2
                                    

ကျောင်းဖွင့်လေပြီ။

ဖွင့်သည်နှင့်တစ်ပြိုင်နက် ကျောင်းသားတို့သည် စုပေါင်း အလည်ထွက်ရန်ပြင်ကြလေတော့သတည်း။ ကျောင်းဖွင့်စ တစ်ပတ်သည် ကျောင်းသား  မစုံ သောကြောင့် အတန်းမတက်ကြသည်မှာ ထုံးစမ်သဖွယ်ဖြစ်လျက်ရှိ၏။
 
ခွန်ခန့်မင်းပိုင် တို့ အဆောင်သည်လည်း
ပုဂံသို့ သွားရန်စီစဉ်နေကြလေသည်။

ကိုထက်ကျော်က ကျော်စွာတို့ အခန်းထဲ ‌၀င်လာကာ ပြော‌လေသည်။

"ညီလေးတို့ မိန်းကလေး သူငယ်ချင်းတွေရှိရင် ခေါ််လို့ရတယ်နော်။ အကိုတို့လည်း ခေါ်ခဲ့မှာ "

ရထားလက်မှတ်ကြိုဖြတ်ရန် လိုက်ပါမည့် လူစာရင်း လာစစ်ခြင်းဖြစ်သည်။

ဒုတိယ နှစ်သာ ရောက်လာတယ်
ခွန်ပိုင် တကယ်ခင်ရတာဆိုလို့ ဒီနှစ်ကောင်နဲ့ အဆောင်က အကိုတွေသာရှိသည်လေ။ အဲ ကိုထက်ကျော်တို့ သူငယ်ချင်းတွေပါမှာဆိုတော့ ငါ့မီကလေးများ ပါလေမလား။

"ကိုထက်ကျော်၊ ကိုထက်ကျော်"

အခန်းထဲမှ ထွက်မည့်ဆဲဆဲ ကိုထက်ကျော်က ပြန်ဖြေသည်။

"အေး ပြော။ ညီလေး"

"ဟိုလေ မယွန်းမီမီကျော်တို့လည်း ပါမှာလား"

"အေး သူတို့လည်း ပါတယ် ။ ကဲ ပြင်ထားကြတော့နော်"

သူတို့ ခရီးစဉ်မှာ ကျောက်ဆည်မှ ဆိုင်ကယ်များဖြင့် မန္တလေးသို့သွား၍ မန္တလေးဘူတာမှ
ညရထားဖြင့် ပုဂံသို့ သွားမည်ဖြစ်သည်။

ခွန်ခန့်မင်းပိုင် သည် ကျော်စွာတို့ အခန်းမှ ပြန်ထွက်လာပြီး သူ့အခန်းထဲ၌ ပျော်ရွှင်မြူးတူးစွာ အထုပ်အပိုးများ ပြင်ဆင်လေတော့သည်။

****

ဘူတာရုံ၌ ခန့်မင်းပိုင် တစ်ယောက်
လည်တစ်ဆန့်ဆန့်ဖြင့် သူ၏ crushမမ ကို မျှော်နေလေသည်။

‌ဟိုရှေ့မှာ ယွန်းမီမီကျော် လျှောက်လာနေပါပြီ။

မမြင်တာကြာ၍ လွမ်းခဲ့ရသော
ချစ်ရသူကား ပို၍ပင် လှနေပါလေသည်

ဘေးက စိမ့်ရေကြည်နှင့် စကားတပြောပြောဖြင့် လျှောက်လာနေသော
မီမီကျော်ကို ခန့်မင်းပိုင်သည်
တစ်စိမ့်စိမ့် ကြည့်နေပေတော့သည်။

"ဟိတ်ကောင် ငပိုင် ရထားပေါ်တက်မယ်ကွာ"

"အေး မင်းတို့တက်နှင့် "

"အေးအေး"

သူမတို့အဖွဲ့  ရထားနားသို့ ရောက်လာပြီ။ စုစုပေါင်း ၈ ယောက်ရှိသော မိန်းကလေးများထဲတွင် မျက်မှန်ထူထူဖြင့် သူ၏ crush မမကိုပဲ သူ နှုတ်ဆက်လိုပါသည်။

"အမ အထုတ်ပိုးတွေ ကျွန်တော်သယ်ခဲ့မယ် တက်နှင့်လေ"

ယွန်းမီက သူမကို ဦးတည်ပြော‌လာသော ကောင်လေးကို သေချာကြည့်လိုက်ပါသည်။

နားမှာ နားကွင်းဖြူဖြူ တစ်ခု ထပ်တိုးလာသည်ပဲ။ နားရွက်တစ်ဖက်ထဲမှာ
နားကွင်းဖြူဖြူနှစ်ခုတို့က ပြောင်တစ်လက်လက်။

"နေပါစေ အမ သယ်နိုင်ပါတယ်"

"ကဲပါ ပေးပါ"

သူသည် ယွန်းမီ၏ အိတ်များကို မရမကဆွဲယူလာခဲ့သည်။ ကိုထက်ကျော်သည်လည်း မစုရတီ၏ အိတ်များကို လာသယ်ပေးနေသည်။

"အတွဲတွေနော် အတွဲတွေ တော်တော် အမြင်ကပ်ဖို့ကောင်း"

  6BE က မမ‌‌ဝေ၏ စနောက်သံနှင့်မျက်စောင်းထိုးခြင်းကို သူမ ခံလိုက်ရ ပါသည်။

ဒါ ဟိုကောင်လေးကြောင့်။
သယ်နိုင်ပါတယ်ဆိုတာကို တော်တော်အကဲပိုတယ်။

ယွန်းမီမီကျော်သည် ခန့်မင်းပိုင်၏နောက်မှ  ရထားပေါ်တက်ခဲ့လိုက်ပြီး နောက်နားက ခုံတစ်ခုတွင်နေရာယူလိုက်သည်။



ကျွန်တော့်ရဲ့crushWhere stories live. Discover now