11

901 73 2
                                    

ကျော်စွာနှင့်မင်းသန့်တို့သည် IT မဏ္ဍတ်နားသွာ၍ ရွှေစွန်ညို လုပ်နေကြသည်။ ရွှေစင်ငုတို့အဖွဲ့နှင့် တဝါးဝါးပါတီကျနေကြလျှက် ။

ကိုယ့်အဖြစ်နဲ့ကိုယ် ‌အပြေးတပိုင်းလာခဲ့သော ‌ခန့်မင်းပိုင်က‌တော့ မဏ္ဍတ်ရောက်လျှင်ရောက်ချင်း ‌မုန့်လက်ဆောင်း ခွက်လေးကို တစ်ကြိုက်တည်း မော့ပစ်လိုက်သည်။ ‌ခုမှပဲ ရင်တုန်တာ ပြေလျော့သွားသလိုလို။

ပင်မမဏ္ဍတ်စင်ကြီးပေါ်မှာတော့
အလှအချောလေးများ သင်္ကြန်ယိမ်းကရန် နေရာယူနေကြပြီ ။ လွင့်ပျံ့နေသော သင်္ကြန်သီချင်းသံကြောင့် သင်္ကြန် ဝိညာဉ် ကပ်လေပြီ။

× × × ၀င်း၀င်းဖန့်ဖန့် သူ့မျက်နှာ × × × ရှင်းရှင်းသန့်သန့် လှရဲ့ဗျာ × × × သူ့မျက်နှာ ရေကြည်ဖျန်းတော့ နှုတ်ခမ်းလေးဆူကာ × × × ......

အော် ဟို ၀င်းဖန့်ဖန့်လေးကတော့ နှုတ်ခမ်းတော်လေးဆူတော်မမူလိုက်လို့ ‌တော်သေးတာပေါ့။
အခုနေများ ဘယ်ရောက်နေပြီမသိ။ ခုနကတည်းက သူ့အနားမှား နေခွင့်ရအောင် လုပ်ခဲ့သင့်တာ။ ခုတော့ကိုယ့်အမှားနဲ့ကိုယ် ရှာပုံတော် မင်းသားကြီး လုပ်ပေဦးတော့ ငမိုက်သားရေ။

"ဟာ ကိုကို ကိုကို ဒါကဘယ်လဲ "

ကျော်စွာအသံက လေး‌တွဲတွဲဖြစ်နေသည်။

"မမဆီ"

"အဟား မင်းကလည်းကွာ ခုလေးတင် သူ့ဆီက ပြန်လာတာမလား ၊ လာ
မဏ္ဍတ်ရှေ့သွားကရအောင်"

မဏ္ဍတ်ရှေ့ကဖြင့် လူသိပ်မစည်သေး။ ‌ရေပိုက်ကြီးသည်က  စတင် ပတ်ဖြန်းနေပြီ။

"ဟာ DJ နဲ့မှ ကကောင်းမှာပေါ့ကွ ၊ ဘယ်နှယ့် ယိမ်းအကနဲ့ ကမလို့လား
ဒါနဲ့ မင်းတို့သောက်ထားတာလား မင်းသန့်"

"အေး ၊ ကိုရန်ဟိန်းတို့ဆီသွားခဲ့တာ ခုနက ၊
သူတို့တိုက်လိုက်တာ "

"ငါ့ကိုတောင် မစောင့်နိုင်ဘူး မင်းတို့ကလည်း။
အဲ့တာ သွား၀ယ်မယ် လာ"

***

DJ တစ်ဦး စထွက်နေပြီ။

စင်မြင့်ပေါ်က DJ သမားကတော့ အားရပါးရ စတင်ကခုန်နေပါသည်။

ကျွန်တော့်ရဲ့crushWhere stories live. Discover now