22

974 74 1
                                    

ညနေဆည်းဆာကြည့်ရန် အိုးထိန်းကုန်းပေါ်၌ သူတို့အဖွဲ့နည်းတူ အခြားဘုရားဖူးများလည်း ရောက်နေကြပြီ။
ထိုထဲ၌ နိုင်ငံခြားခရီးသည်များလည်း အများအပြား။သူတို့အဖွဲ့သည် ဝါးလုံးလေးများအနီး၌ နေရာယူကာ ရပ်နေကြသည် ။ နေလုံးကျရန် အချိန်လိုသေးသဖြင့် ဓာတ်ဖမ်းလိုသော အခြားသူများ တဖြည်းဖြည်း ကွဲကွာကုန်သောအခါ ခွန်ခန့်မင်းပိုင်သည်သာ
ထုံးစမ်အတိုင်း ယွန်း၏ အနားမှာ
ရပ်၍ ကျန်ခဲ့လေသည်။

"အဲဒီတုန်းက တို့က ပထမနှစ်တွေပေါ့
ခုလိုပဲ ပုဂံကိုထွက်လာခဲ့ကြတယ်...
တစ်တန်းထဲဖြစ်တဲ့ အဲ့သူနဲ့ ပုဂံမှာပဲ ခင်ပြီး အီစီကလီတွေဖြစ်ကြတယ်ပေါ့...
ပုဂံကပြန်လာပြီး မကြာခင်
သူက မီ့ကို ချစ်တယ်တဲ့...
ငါ ဘာလုပ်ခဲ့တယ် ထင်လဲ
ပုဂံမှာတည်းက သူ့ကိုရင်ခုန်နေခဲ့တဲ့ငါက ချက်ချင်းအဖြေပေးလိုက်တာပေါ့
ဒါပေမဲ့ တွဲတာ တစ်ပတ်တောင် မပြည့်သေးတဲ့ အချိန်မှာ သူ့ရဲ့အရင်ရည်းစားဆိုတာပေါ်လာတယ်လေ ..."

‌အနောက်ဆီက နေနီနီကြောင့် ခင်ဗျားလေးမျက်နှာ မှိုင်းလေသလား
ခုခင်ဗျားပြောနေတဲ့ သူကြောင့်များ
မှိုင်းလေသလား....
ဘာကြောင့် မှိုင်းမှိုင်း
ခင်ဗျား ပြုံးမှ သဘောကျတဲ့ ကျွန်တော်တော့ နှစ်ခုလုံးကို သဘောမကျလိုက်တာဗျာ....

ခွန်က သက်ပြင်းရှည်တစ်ခုကို
မှုတ်ထှုတ်လိုက်သည်။

"ဆက်ပြောရမလား"

ကြောင်တောင်တောင် နိုင်လိုက်တဲ့ ငါ
ကိုယ့်ဟာကိုယ် စပြောပြီး
ဆက်ပြောရမလားတဲ့။

"ဒါပေါ့ ကျွန်တော် ပြောဖူးပါတယ်
အမနဲ့ဆို ဘာပဲလုပ်ရလုပ်ရ အကုန်သဘောကျပါတယ်လို့...
ဒီတော့ ခင်ဗျားလေး စိတ်ထဲမွန်းကျပ်နေတာတွေ ကျွန်တော့်ကို ပြောလိုက်လို့ ပေါ့သွားရင် ကျွန်တော် သိပ်ပျော်မိမှာပဲ"

အို..... နွေးထွေးလိုက်တဲ့ မျက်၀န်းတွေ
နားကပ်ရောင် တဖြတ်ဖြတ်နဲ့
ဒီကလေးငယ်ရဲ့ ရင့်ကျက်စွာ ပြုံးပြီး ပြောလာတဲ့ စကားတွေက
ဒီလောက်တောင်
ငါ့ရင်ကို နွေးထွေးစွာ ရင်ခုန်စေသတဲ့လား...

ဒါတွေဟာ မွန်းကျပ်မှုမဟုတ်ပါဘူး မင်းနဲ့တွေ့ပြီးတဲ့နောက် မွန်းကျပ်စရာမှ မရှိတော့ပဲ ....

ကျွန်တော့်ရဲ့crushWhere stories live. Discover now