"ခွန်ခန့်မင်းပိုင်
သားကြီး မင်းမမနာမည် ငါသိပြီကွ""ငါ့မမတဲ့လား ပြောတတ်လိုက်တဲ့ ဟောဒီ ပါးစပ်လေးကို ရွှေ တောင် ချပေးလိုက်ချင်တယ်"
"ရွှေမချနဲ့ လက္ဘက်ရည် ချဟုတ်ပြီလား"
"အေးပါ အေးပါဘာချချ ချပေးမယ် ပြောစမ်းပါ သူ့နာမည်လေး"
"ယွန်းမီမီကျော် တဲ့"
"ယွန်းမီမီကျော်တဲ့လား။ ငါ FACEBOOK မှာ ရှာတာ လုံး၀ရှာမတွေ့ဘူး မင်းဘယ်လိုသိခဲ့လဲ"
"ကျောင်းမှာ ငါမသိတာ ခပ်ရှားရှားရယ် ကိုယ့်လူ ။တခြားအမတွေဆို ငါတမ်းသိတယ် ဒီအမက FBမှာပုံမတင် နာမည်အရင်းမထားတော့ အစကမသိသေးတာ ၊ ဒီမှာသူ့ account "
"Me Me"
ဟိုကောင် ကျော်စွာပြောတဲ့အတိုင်းပါပဲလား။ accလေးဟာ အစိမ်းသေသေလို့ my day မရှိ ၊ သူ့ဓာတ်ပုံလည်းမရှိ ၊ သူ့နောက်ဆုံး share post က 5days ago ။ ညရောက်တာတောင် active now မလာပါလား ကောင်မလေးရယ်။
မနက်ဖြန် ရခိုင်မယ် ဆိုင်မှာများ ထပ်တွေ့ရလေမလား ။ ဟုတ်တယ် မနက်တိုင်းဟိုကောင်တွေနဲ့ မနက်စာလိုက်စားရမယ်။
ကျောက်ဆည်မြို့။ညနေ၆ နာရီ။
ညစာအတွက် ထမင်းမစားချင်၍ မုန့်၀ယ်ရန် သုံးယောက်သား ဆိုင်ကယ်တစ်စီးနှင့် အဆောင်ကထွက်ခဲ့ကြသည်။ ကံကြမ္မာမျက်နှာသာပေးလေပြီ ။ ရှေ့မှာ ဖျက်ခနဲ မြင်လိုက်ရတာက အဝါရောင် ဖဲကြိုးလေး။ ကောင်မလေးများအနားရောက်တော့ ဆိုင်ကယ်ကို လီဗာလျှော့ရင်း မသိမသာ
စွေစောင်းကြည့်မိ။ဟိုက် ဗုဒ္ဓေါ !သူမငါ့ကိုလှမ်းကြည့်လိုက်ပါလား။
သူမတို့ကို ကျော်တက်ကာ မုန့်ဆိုင်ဘက်သို့ ဆိုင်ကယ်ကွေ့လိုက်သည်။
"သမီးတို့" မုန့်ဆိုင်။
မုန့်ကိုလျှောက်ရွေးရင်း သူမအလာကို စောင့်နေမိသည်။
"ဟေ့ကောင်ငပိုင် ကြာတာကွာ ဘာ၀ယ်မှာလဲ "
"ပြီးပြီ ပြီးပြီ ဟဲဟဲ"
ဟော သူမတို့အဖွဲ့ လာနေပြီ။
မုန့်ဆိုင် အပေါက်၀၌
ခွန်ခန့်မင်းပိုင် အထွက် သူမကအ၀င်။
ပိုင်က ပုခုံးနားလောက်မှာရှိတဲ့ မျက်နှာလေးကို
ငုံ့ပြီး ခိုးကြည့်လိုက်သည်။မျက်မှန်အောက်က မျက်၀န်းတို့နဲ့မဆုံပဲ မျက်တောင်နက်တို့ကိုသာ တွေ့ခွင့်ရသည်။ ဒါလည်း နည်းတဲ့ကံလား။
ည လေပြေညင်းလေးများက ရင်ဘတ်ကတစ်ဆင့် ရင်ထဲမှာပါ တိုက်ခတ်နေလေသလား။ ရင်ထဲ၌ ပကတိ အေးမြလျက်။