17

848 65 4
                                    

မနက်လေးနာရီ ထ ‌ကြရန် ညမှာတည်းက အားလုံးက ဆုံးဖြတ်ခဲ့ကြသည်။
အကြောင်းမှာ ပုဂံ၏ တော်၀င်sunrise ကြည့်ရန် ဖြစ်လေသည်။

"ကဲကဲ ထကြမယ် အချစ်ကလေးတို့"

ပြောတော့သာလွယ်တယ်။ မထချင်ဘူးဟာ ။ သွားပါ လာမနှိုးစမ်းပါနဲ့ ရတီရယ်....
မဖြစ်သေးပါဘူးလေ။ ခုချိန်ထမှ မိတ်ကပ်လေးဘာလေးပြင်ချိန်ရမှာပေါ့

သူမက သွားတိုက်တံကို ကမန်းကတန်းကောက်ကိုင်ကာ အားလုံး၏ နောက်မှ လိုက်ခဲ့တော့သည်။

မနက်စောစော ထရမှာ သိပ်ပျင်းခဲ့သော ခွန်ခန့်မင်းပိုင် သည်ကား crush နဲ့
ထွက်လာရသော ခရီးဖြစ်ပေသောကြောင့် အားလုံးထက် ပို၍ ဝီရိယ ကောင်းနေပါ၏။

မနက်ဝေလီဝေလင်းမှာ၌ပင်
သူ၏ မျက်နှာသည် ကြည်လင်သန့်စင်ကာ ချောမောမှုတို့က အတိုင်းသား။

အုတ်ရေကန်နားရှိ လူများကြားထဲ၌
ရှည်လျားသော အရပ်၊နှဖူး‌ပေါ်ဝဲ၍နေသောဆံပင်ရှည်ရှည်တို့ကို အဝေးမှ မြင်သည်နှင့် ထိုသူ ဘယ်သူဆိုသည်ကို သူမ မှတ်မိပါသည်။

ဒါဟိုကလေးပဲ။ အဲ့နားမှာ သူက ဘာရပ်လုပ်နေတာလဲ..အဲ ဒုက္ခပဲ ..
ငါ့ရုပ်ကအိပ်မှုံစုတ်ဖွားနဲ့ ခေါင်းလည်းမဖြီးရသေးဘူး...ဪ မီမီကျော်ရယ်
သူလည်း သူ့ဟာသူ မျက်နှာသစ်မို့နေမှာပါ .. နင်ကိုက အကဲပိုနေတာ.. စိတ်ထိန်းစမ်း။

မျက်မှန်ကို ရေကန်ဘောင်ပေါ်အသာတင်၍ ဂရုတစိုက် မျက်နှာသစ်‌လိုက်သည်။ ‌

မနက်ဆိုပေမဲ့ စောနေသေးတော့ ‌နည်းနည်းမှောင်တယ်လေ.. ဘုန်းကြီးကျောင်းထဲဆိုပေမဲ့ ကြောက်သေးတာပေါ့ ...အပေါ်တက်သွားကြတဲ့ ခြေသံတွေ ကြားတယ်.. ဒါပေမဲ့ ဘေးမှာလည်း ရေသံကြားရသေးတော့ တစ်ယောက်ယောက်တော့ရှ်ိသေးလို့
တော်ပါသေးရဲ့။

သူမက မျက်နှာကို အပြီးသတ်၍ရေလောင်းချလိုက်သည်။

"အမလေး!!!"

"ဟောဗျာ ဘာတွေလန့်နေတာတုန်း အမရဲ့ ..ကျွန်တော်ရှိပါတယ်"

ကျွန်တော့်ရဲ့crushWhere stories live. Discover now