5

1.1K 83 0
                                    

အချစ်ဆိုတာဘယ်လိုမျိုးလဲ။

ကြိုက်တယ် ဆိုတာက ချစ်ခြင်းနဲ့ဆိုင်သလား။

စိတ်၀င်စားတာကရော ချစ်ခြင်းရဲ့ အစလား။

ဒါဆို ရင်ခုန်တာကရော အချစ်ထဲမှာ ပါ၀င်သလား။

တိုက်ဆိုင်မှု မရှိပါပဲနဲ့တောင် သတိရ နေတာကရော ချစ်နေလို့များလား။

တစ်စုံတစ်ယောက်ရဲ့အလင်း‌လေးကို ချစ်မိရင် ထိုလူသားရဲ့ အမှောင်ဘက်ခြမ်းကို မြင်ရတဲ့အခါမှာ အချစ်တွေဟာပြောင်းလဲကြသလား။

ချစ်ပြီဆိုမှတော့ ချစ်စရာကောင်းသော၊ လှသော တစ်စုံတစ်ခုကို မြင်တွေ့ရလို့ပဲမလားလေ။

မျက်နှာလေးလှလို့ ၊ ခန္ဓာကိုယ်လေးမိုက်လို့၊ စိတ်ထားကောင်းလို့ စတဲ့ချစ်စရာလေးတွေကို မြင်မြင်ချင်း ရင်ခုန်စိတ်၀င်စားမိကြတယ်ထင်တယ်။

ကျွန်တော်လည်း ဒီအရွယ်ရောက်ပြီပဲ ။
အချစ်ကို သေချာမသိ၊ မကြုံဖူးပေမဲ့
စိတ်၀င်စားဖူးတဲ့ မိန်းကလေးတွေ ရှိခဲ့ပါတယ်။
8_ 9 _10 စတဲ့အတန်းတိုင်းမှာ ကျွန်တော် သဘောကျခဲ့တဲ့ မိန်းကလေးတွေ တွေ့ခဲ့တယ်။

ကြိုက်ပါတယ် ၊ ချစ်ပါတယ် လို့တော့ ဖွင့်မပြောဖူးဘူး။ ဘာလို့လဲ ။ သူတို့နဲ့ စကားပြောရမှာ ကြောက်လို့ထင်တယ် ။ မဟုတ်သေးဘူး ။ မပြောချင်တာ များလား။

အဝေးကနေ လှမ်းငေးတဲ့အခါ သိပ်လှနေတဲ့ ပန်းပွင့်လေးဟာ အနီးကပ် သွားနမ်းတဲ့အခါကျတော့ သိမ်မွှေးအီနေမှာပေါ့။
အီလွန်းရင် မူးတတ်တယ်မလား။အဲ့ပန်းလေးတွေကို ပိုင်ဆိုင်ချင်စိတ်လည်း နည်းခဲ့တာကြောင့် ရှေ့တိုးလို့ မခူးခဲ့ဖူးဘူး။

အခု အလှအေးချမ်းရာလေး။ တိုက်ဆိုင်မှုဆိုလို့ ကော်ဖီ လေးနဲ့ ရခိုင်မယ်ဆိုင်။ နောက် စာကြည့်တိုက် ။ ဒါလေးရှိတာကို ဘာတွေများ ဒီလောက် တမ်းတမ်းတတ လွမ်းနေမိပါလိမ့်။
အလှကို စွဲတာလားဆိုတော့ ကျွန်တော်လည်း လူသားပဲ ၊အလှကြိုက်တာပေါ့ ။ လှတာချောတာလေးတွေဆို ကြိုက်ကြတာ မထူးဆန်းဘူး ထင်ပါတယ်။ သူမ လှပုံလေးက တမူထူးခြားလေး။ ကျော်စွာကတော့ ပြောတယ် ။ မင့် မမ က သာမန်ပါပဲတဲ့ ရုပ်တည်ကြီးနဲ့တဲ့။

ကျွန်တော့်ရင်ထဲ စွဲနေတဲ့ ရယ်သံလေးနဲ့ သွားချွန်လေးတွေကို အဲ့ကောင်မှ မမြင်ဖူးပဲ ။

‌ဒါလည်းကောင်းပါတယ်။ ခြူချင်သူတွေ များ‌တဲ့ ပန်းလေးဖြစ်ရင် ချစ်စစ်ပွဲတွေကိုမကြောက်မရွံ ရင်ဆိုင်၀င်နွှဲရမှာပေါ့ ။

ဟောဒီ အေးချမ်းရာ" မီ "ဆိုတဲ့ ပန်းဝါဝါလေးကိုမှ ပန်းခူးပျင်းခဲ့တဲ့ကောင်က သိပ်ကို ပိုင်ဆိုင်ချင်နေတာကိုးဗျ။ တွေးရင်းတွေးရင်း မျက်နှာဝိုင်းနုနုလေးကို သတိတွေရလာပြန်ပြီ။

ညနေကျောင်းဆင်းမှာ မတွေ့တွေ့အောင် စောင့်ကြည့်ပြီးမှ ပြန်လာတယ်လေ။ ခု လွမ်းလာပြန်ပြီကွာ။
အလှလေးကို တွေ့လို့တွေ့ငြား သူတို့အဆောင်ရှေ့က ပတ်ပြီး ဆိုင်ကယ်ပတ်စီးရမယ်။
ကံလေးရယ် ကျေးဇူးပြုပြီး တစ်သက်မှာ တစ်ခါတော့ ကောင်းပေးစမ်းပါကွာ။ တကယ်ကို
သတိရနေလို့ပါ။

ကျွန်တော့်ရဲ့crushWhere stories live. Discover now