10

897 72 2
                                    

ဟာဟာ အကောင့်လေး မီးစိမ်း‌နေပါလား။

"နေကောင်းတယ်နော် အမ"

"ကောင်းသားပဲ"

ဘယ်သောအခါမှ မချေတတ်သော၊ reply ချက်ချင်းလာတတ်သော ဤ အကောင့်လေးကို သူ သိပ်ကျေးဇူးတင်ပါသည်။

"အမအိမ်ပြန်သွားတယ်ဆို "

"omm ဟုတ်တယ် ။ စိမ့်ကပြောတယ် မင်းသူ့ကိုလာမေးတာကို"

"ဟုတ်တယ် ကျောင်းမှာအမကို မတွေ့တော့ နေမကောင်းဘူးလားလို့ စိတ်ပူသွားတာပေါ့"

မီ့မျက်နှာ မှာ  အပြုံးတစ်ပွင့်ဖြတ်ပြေးလေသည်။

"စာမေးပွဲနီးပြီ စာလုပ်တော့လေ"

"အာ ကျောင်းသင်္ကြန်ပြီးမှ လုပ်မှာပေါ့ဗျ"

"ဟုတ်လား ဒါဆို bye နော်"

ဟာဟာ နေဦးလေ။

"နေပါဦး "

တော်သေးတယ် ။ seen.ပြနေသေးတာပဲ။

"ကျွန်တော် ရေလာလောင်းမယ်နော်
အဲ့တာခွင့်ပြုမှာလား"

seen ပြသွားပြီ။

"သင်္ကြန်ပဲ လောင်းပေါ့
ရေလောင်းတာ ဘာဆန်းလဲ😅"

"🥺"

ဟော ဆင်းသွားပြီ။

ရေလောင်းတာ ဘာဆန်းလဲတဲ့။ ဆန်းတာပေါ့ဗျာ ။

ခင်ဗျားတစ်ယောက်တည်းကို  လောင်းမဲ့ရေဟာ အချစ်တွေ ပျော်၀င်နေလေတော့ သိပ်ဆန်းကြယ်တဲ့ အချစ်ရေစင် ဖြစ်နေမှာပေါ့။

ဘာပဲဖြစ်ဖြစ် မနက်ရောက်ရင် ခင်ဗျားလေးကို ဆန်းတဲ့အချစ်ရည်တွေ လာလောင်းပစ်မယ် ဒေါ်ယွန်းမီမီကျော်။

*****

"ဟာ မမိုက်ပါဘူးကွာ။ ဘယ်နှယ့် ကျောင်းသင်္ကြန်မှာ စာသင်ရတယ်လို့။"
မင်းသန့်နှင့်ကျော်စွာတို့က သူ့ကို ပြုံးတုံ့တုံဖြင့် ‌ကြည့်နေကြသည်။

"မင်းနေခဲ့မှာလား ငပိုင် ၊ ငါတို့ မေဂျာ
မဏ္ဍတ်ဆီ သွားမလို့ "

ခွန်ခန့်မင်းပိုင် မျက်နှာမှာ ရှုံ့မဲ့လျှက်

"အေး သွားနှင့်ကြ ။ပြီးရင် လာခဲ့မယ်"

ကျွန်တော့်ရဲ့crushWhere stories live. Discover now