16

858 64 4
                                    

အားလုံး  အိပ်ပျော််နေကြပြီထင်၍
ခွန်ပိုင်က ဂီတာကို ကောက်ကိုင်လိုက်သည်။

ရှေ့မှာ ခွေခွေလေးအိပ်နေသူကိုကြည့်၍  ခပ်အေးအေး သံစဉ်တစ်ချို့ကို ရှာဖွေ တီး‌ခတ်ကြည့်လိုက်တော့

တီးမိလေသော သီချင်းက

ဒီကချစ်လိုက်ရတာ။

ဂီတာသံ ချိုးအေးအေးကို ကြားနေရတယ်။ သိပ်ကို နားထောင်လို့ကောင်းတာပဲ။
အား နွေးနွေးလေးနဲ့ အိပ်လို့ကောင်းလိုက်တာ။

အိပ်ရင်း ပြုံးနေသူအား
ခွန်ခန့်မင်းပိုင်သည်လည်း အပြုံးဖြင့်သာ ငေးနေပါ‌လေ၏။

ခင်ဗျားဟာ ဘယ်လိုကောင်မလေးလဲ အိပ်နေရင်းတောင် ပြုံးနေတတ်တဲ့ အကြည်လေးရယ်။ ကျွန်တော် လေ ခင်ဗျားကို သိပ်   ချစ်တာပဲ။

****

သူတို့ စခန်းချ တည်းသော ဘုန်းကြီးကျောင်းမှာ ရွှေစည်းခုံး ဘုရားအနီးတွင်ဖြစ်၏။

နှစ်ထပ်‌ဆောင်လေး၏ အပေါ်ထပ်နှစ်ခန်းမှာ‌နေရာရသည်။
မိန်းကလေးများ၏ အခန်းရှေ့မှ ဖြတ်၍ သွားပါမှ ယောကျာ်လေးများ အခန်းသို့ ရောက်ပေမည်။

အားလုံး အနားယူပြီးကြသော် ကိုယ်လက်သန့်စင်ရန် ထွက်လာခဲ့သည်။

သူသည်ကား သွားတိုက်တံနှင့် မျက်နှာသစ်ကို ဆွဲယူကာ နောက်ဆုံးမှ ထွက်ခဲ့လိုက်၏။

"အမေ့ ။ ဗုဒ္ဓေါ!"

သူ့ဟာသူတိုက်ပြီး သူ့ဟာသူ လန့်နေသော ကျွန်တော့်မမရယ်ပါ။

**

‌၀င်တိုက်မိလေသော ရင်ပြင်ကျယ်ကျယ်ပိုင်ရှင်မှာ ထုံးစမ်အတိုင်း နက်မှောင် စူးရဲစွာ သူမအား  စိုက်ကြည့်နေပါ၏။အယောင်ယောင်အမှားမှားဖြင့် သူမထံပါလာသော ‌မွှေးပွတဘတ်ကို ပြန်ပေးလေတော့

သူက အေးဆေးစွာပဲ လှမ်းယူပါ၏။

သူမဆီ ပါလာသော တဘတ်ကိုကြည့်ရင်း မျက်နှာများနွေးနေခဲ့ရသည်လေ။ သူမ ရှေ့ကပိုင်ရှင်ကတော့ တည်ငြိမ်လှလေစွ။

အေးလေ ငါအိပ်တုန်းက အေးနေလို့ ခြုံပေးတာပဲ။ ဒါလောက်ကတော့ ဘယ်သူမဆို လုပ်မှာ နေမှာပါ။ ထပ်ပြီး အထင်မမှားစမ်းနဲ့လေ။

ကျွန်တော့်ရဲ့crushWhere stories live. Discover now