ဘုန်းကြီးကျောင်းသို့ပြန်ရောက်ချိန်မှာ မိုးချုပ်လေပြီ။
တစ်နေ့ကုန် လျှောက်လည်ရသော်လည်း လူငယ်များမှာ ပင်ပန်းသည်ဟူ၍ မရှိကြ။ အမြဲရွှင်လန်းကာ ဘုရားတစ်ဆူရောက်တိုင်း
ဓာတ်ပုံများ ခဏခဏရိုက်ကြသည်။ခွန်ခန့်မင်းပိုင်သည်ကား အမြဲ camera
man ပင်တည်း။ သူသည် ဓာတ်ပုံအရိုက်ခံရသည်ကို မကြိုက်ခြင်းကြောင့်ပင် အမြဲ ဒိုင်ခံရိုက်ပေးလေ့ရှိသည်။သူ့ဖုန်းထဲက ပုံတစ်ခုကို ကြည့်၍ ခွန်ပိုင်တစ်ယောက်အပြုံးဝေနေပါ၏။
ပုံထဲမှာက ပြာလဲ့လဲ့ မိန်းကလေးတစ်ယောက် အားပါးတရ ရယ်မောနေပုံ။
ကိုယ့်မမလေးကို ကြည့်ရတာ ပုဂံကိုရောက်လာမှ အရယ်အပြုံးတွေ နည်းသွားသလိုပဲ...ငါပဲစိတ်ထင်တာလားမသိ ....ဒီပုံလေးထဲမှာတော့ နှုတ်ခမ်းဘေးက အချိုင့်သေးသေးလေးများက
ခပ်ထင်းထင်း ခွက်၀င်လို့...
ခင်ဗျားလေး ရယ်ရင်လေ စကြာ၀ဠာတစ်ခုလုံးက ပူလောင်မှုတွေ ရပ်တန့်ကုန်တယ်ဗျ.....ဒါကြောင့် ကိုယ့်မမရယ်
အမြဲ ပြုံးနေစမ်းပါဗျာ.....
ပြုံးနေတဲ့ ခင်ဗျားလေးကိုလေ ကျွန်တော်သိပ်ချစ်လွန်းလို့ပါဗျာ...."ကဲ ညီကိုတို့ နားနေပြီးရင် သွားကြမယ်"
ဒါက သူတို့တည်းရာ ဘုန်းကြီးကျောင်းနှင့် ကပ်ရပ်ရှိသော ရွှေစည်းခုံ ဘုရားသို့ သွားကြရန် ကိုရန်ဟိန်း၏ နှိုးဆော်သံ။
အိပ်ယာ၀င်ခါနီး ညဘက်ဖြစ်သောကြောင့် ဘုရားပေါ်မှာ ဘုရားဖူးများ ရှင်းလင်းနေပါသည်။
ရွှေဝါရောင် ဖိတ်ဖိတ်တောက်နေသော ရွှေစည်းခုံ ဘုရားကြီးသည်
ကြီးကျယ်မြင့်မား သပ္ပာယ်လွန်းလှသည်။ပုဂံ၏ဆောင်းဦးညကို ငွေလသာသာက
အေးမြမှုနှင့် ငွေဖြူရောင် ဖြန့်ကျက်လွှမ်းခြုံထားသည်မောင့်ငွေလ၀န်းရယ်
ထိန်ထိန်သာလွန်းလေတော့
ခစားလာတဲ့ ကြယ်လုလင်
အနားကပ်ဖို့ ရွံ့ရှာပေမပေါ့
ကြယ်ကိုပင် မောင် မရှုစိတ်နိုင်ပု
မောင်ဆိုတာ ဟောဒီပထဝီကမို့