20

837 67 0
                                    

ကျွန်တော်ရဲ့ crush
မီကလေးက
မနေ့ညက ဖွင့်ပြောခဲ့၍ ထင့်...

ဒီနေ့ အထူးတည်ငြိမ်နေပါ၏။

အရဲစွန့်၍သာ ပြောခဲ့ရသော်လည်း
ကိုယ်သည်လည်း လူသားပေပဲ
"မင်းကို မချစ်ဘူး" လို့ ဖြေလာမှာကိုတော့ တွေးပြီး အတော်လန့်‌မိသား...

‌အနက်လွှမ်းသော ပိုးထဘီမှာ ဝါနုသော
လက်ရှည်ရင်ဖုံးနှင့်
မဟာဆန်သူ၏ ရွှေညိုရောင် မျက်၀န်းများကမူ သူ့ထံသို့ တစ်ချက်လေးမျှ ရောက်မလာချေပါ။

ခွန်ခန့်မင်းပိုင်သည် E_bikeကိုသာ
တည်ငြိမ်စွာ မောင်းနေရသော်လည်း
အနောက်တော်အပါးမှ ရွှေမမလေး၏
စိတ်အလျင်ကို အလွန်သိချင်နေပါပြီ။

"မမ"

"...."

"အမ"

"ပြော"

"ဟို ... မနေ့က..."

"လမ်းကို သေချာကြည့်...စကားမများနဲ့"

ဟိုက်...အသံက အလွန်တင်းမာနေ
ပါရောလား........

သူ စကားမဆက်ရဲပါတော့ချေ။

***

_ဗူးဘုရား _

ဘုရား၏ အောက်တစ်ထပ် ရင်ပြင်တော်ပေါ်မှ မြစ်ပြင်ကျယ်ကို နောက်ခံထား၍ ဓာတ်ပုံများရိုက်ကြသည်။

မြစ်တို့၏ဘုရင်မ ဧရာ၀တီသည်
တလက်လက်တောက်ပလျှက် လှပပျော်မြူးစွာ စီးဆင်းနေ၏။

ကျွန်တော့်ဘုရင်မ ယွန်းမမသည်ကား ဧရာ၀တီကို ငေးဆွေးမှိုင်တွေစွာဖြင့် ရှုစားနေပါလေ၏။

"မမဝေတို့ ပုဇွန်ကြော်စားပါဦး"

"ဟယ်တော် နင်တို့က ဘယ်အချိန်၀ယ်လိုက်တာလဲ ငါတို့လည်း ၀ယ်မှာပေါ့"

နှစ်ယောက်လုံးအနားသို့ ပုစွန်ကြော်ထုပ်လေးဖြင့် ချဉ်းကပ်လာသော သူ့အား မမဝေ၏ ဘေးက ရွှေညိုရောင် မမကမူ ရှိသည်ဟုပင် ထင်ပုံမရ...သူ့အသံကြားသည်ကိုပင် မကြားချင်ယောင်ဆောင်နေပါ၏။

မမဝေသည် ပုစွန်ကြော်၀ယ်ရန်
စိမ့်ရေကြည်နှင့် အတူ ထွက်သွားသည်။
ခပ်လှမ်းလှမ်း၌ စုရတီကို ဓာတ်ပုံရိုက်ပေးရင်း ထက်ကျော်တစ်ယောက်အလုပ်ရှုပ်နေသည်။ ဟိုဘက်မှာရှိ
ပထမနှစ်‌ကလေးများလည်း အလားတူ
အလုပ်ကိုယ်စီရှုပ်လျှက်။

"ဓာတ်ပုံရိုက်မလားဟင်"

ဘေးက တိုးညင်း ဩရှသော အသံ...

"ဟင့်အင်း...စိတ်မပါဘူး"

လှည့်မကြည့်ပဲ အဝေးကိုသာ
ငေးနေသော
ရွှေမျက်မှန်အောက်က မျက်၀န်းညိုတွေဟာ ညို့‌ရောင်သမ်းလို့...

ကျွန်တော့်အချစ်တွေက ခင်ဗျားအတွက် အဲသလောက်တောင်ပဲ စိတ်ညစ်ဖို့ကောင်းစေသလား...မီ
ဒါဆိုရင်တော့ ဖွင့်ပြောမိတာ ကျွန်တော်သိပ်မှားသွားပြီပေါ့...

ချစ်သူ့ မျက်နှာညိုးရင် ကမ္ဘာပေါ်က
ပန်းကလေးများအားလုံး
ညှိုးကုန်သကဲ့သို့
၀မ်းနည်းရသူက ဒီကချစ်ရသူပင် မဟုတ်ပါလား......

"ခင်ဗျား ကျွန်တော့်ကြောင့် ဒီလိုဖြစ်နေတာဆိုရင် မဖြစ်ပါနဲ့.....
ကျွန်တော်လေ
ခင်ဗျားကို ပျော်စေချင်တယ်....
ကျွန်တော် သွားတော့မယ်"

အသံတိုးလျော့လျော့က အမြဲရွှင်လန်းတက်ကြွနေတတ်သူနဲ့ မလိုက်ဖက်လှစွာ...
တစ်လှမ်းချင်း ဝေးကွာ‌သွားသော အဖြူရောင် ကျောပြင်‌လေးက ခြောက်သွေ့အားငယ်နေသယောင်ယောင်.....
ငါမှားသွားလေပြီလား....

ဟင့်အင်း တစ်ခါ ကြုံခဲ့ဖူးပြီးရင်
နင် သတိထားသင့်နေပြီလေ...

**

ဆောင်းဦးဖြစ်သဖြင့် ပုဂံလမ်းများတစ်လျှောက် စိမ်းလန်းခြင်းအတိ။
E_bike အဖြူလေးမှာမူ နွေဦးသဖွယ် အလွန် တိတ်ဆိတ်‌ခြောက်ကပ်
နေ‌ပေ၏။

အရင်နေ့များက စကားမရှိစကားရှာကာ ပေါက်တတ်ကရ ပြောလွန်းခဲ့သော
ကောင်လေးသည် ငြိမ်သက်စွာပင်
မောင်းနှင်နေပါသည်။
သူ၏ နောက်ကျော ဖြူဖြူကပင်
အထီးကျန်စွာ တလွင့်လွင့်ဖြင့်
၀မ်းနည်းဖွယ်ရာနှုတ်ဆက်နေသလိုလို....

ခက်တာပါပဲ ...ယွန်းမီမီကျော်ရယ်
ဒီလို သနားခဲ့မိလို့ နင်ခံခဲ့ရတာပဲလေ
အခုလည်း အမှတ်မရှိ သနားနေပြန်ပြီတဲ့လား.............
ဒါပေမဲ့ ခွန် က အရင်တစ်ယောက်နဲ့
ကွဲပြားတယ်ဆိုရင်ရော......
ဟင့်အင်း ကြောက်တယ်.....
လွယ်လွယ် အ‌ဖြေပေးခဲ့မိတာ ဘယ်လောက်မှားလဲ နင်သိပါတယ်
မိယွန်းရယ် စိတ်ကို နိုင်အောင်ထိန်းစမ်းပါ.......
ပြီးတော့ ဒီကောင်လေး ရုပ်ချောတာကိုပဲ နင်ကြွေတာမလား......
အဲ့တာ အချစ်မှမဟုတ်ပဲ.....
သနားနေတာကရော....
ဒါက ကိုယ့်ကြောင့်ဆိုတဲ့ စိတ်ကြောင့် သနားမိတာပါလေ.............
ဒါ ချစ်တာမှမဟုတ်ပဲ။။







ကျွန်တော့်ရဲ့crushWhere stories live. Discover now