The End

2.2K 95 12
                                    

ကျွန်တော့်ရဲ့ မမ ဆုံးဖြတ်တာ အမှန်သားဗျ။

သူမလေးဆီက အဖြေရဖို့အတွက်
လုံလောက်တဲ့ အချိန်တစ်ခုအထိ စောင့်ခဲ့တာ သိပ်မှန်‌ခဲ့တာပေါ့‌....................

‌သူငယ်ချင်းအဖြစ်နေခွင့်ရခဲ့တာကြောင့် သူမအနား အမြဲရှိနေလို့ရတယ်

ကိုယ့်မမက အနီးကပ်ပေါင်းကြည့်လိုက်တော့လည်း သိပ်မအေးဘူးခင်ဗျ
တစ်ခါတစ်လေ အကြံရရင် ရသလို
ဖောက်တတ်သေးတယ်
တစ်နေ့တုန်းကဆိုရင်
ကိုယ့်မမက ဆိုင်ကယ်မောင်းချင်ပါတယ်ဆိုလို့ သူ့နောက်မှာ ထိုင်လိုက်ရသေးတယ် ....မမောင်းတတ်မောင်းတတ်နဲ့မို့ ရသမျှဘုရားစာတွေဆိုတာ ရွတ်လိုက်ရတာ အမော။

ကျောက်ဆည်တောင်ပေါ် ၊
ရွှေသိမ်တော် နဲ့ ရွှေဂူကြီးဘုရားများဆီ ကျောင်းပိတ်ရက်တွေမှာ ကိုယ့်မမနဲ့အတူ ရောက်နေတတ်တယ် ။
တစ်နေ့တစ်နေ့ ကိုယ်ကတော့
ကိုယ့်အချစ်တွေကို အားမနာတမ်းထုတ်ပြနေတော့တာပေါ့။

ဒီလိုနဲ့ တစ်နေ့တော့ ကိုယ့်crushဆီက
ကိုယ်မျှော်လင့်တဲ့ အချစ်တွေ ရခဲ့ပါတော့တယ်။

_နည်းပညာတက္ကသိုလ်(ကျောက်ဆည်)

ခွန်သည် ကျောင်းဆောင်ဟောင်း၏
ရှေ့မှာ ရပ်စောင့်နေသည်။

ကျောင်းဆောင်ဟောင်း၏ အရှေ့ဘက် လမ်းသွယ်တစ်လျှောက်ရှိ ခရေပင်တို့မှ ခရေနံ့များ ကြိုင်လှိုင်ကာထွက်ပေါ်နေကြ၏။
စာမေးပွဲဖြေပြီးသော ကျောင်းသားတို့သည် ခရေပင်တန်းအောက်မှ အလျှိုလျှို လျှောက်လှမ်းထွက်လာနေကြသည်။

ကျောင်း၀န်း၏ ဤညနေသည် နှစ်၀က်စာမေးပွဲ၏ နောက်ဆုံးနေ့ဖြစ်၍ ၀မ်းနည်းဖွယ်ရာ ခြောက်သွေ့လျှက်ရှိသည်။

ခွန်ခန့်မင်းပိုင် ‌လည်ပင်းတစ်ချက်ဆန့်၍ မျှော်ကြည့်လိုက်သည်။
လာနေပါပြီ ။ ချစ်ရသော အင်ယာလောင်းလေး။

"ဖြေနိုင်လား မမ"

ရောက်လျှင်ရောက်ချင်း
သွားလေးတွေပေါ်အောင် ပြုံးပြီး
မေးလာတဲ့ ‌မောင်...

" အဲ့ မမခေါ်ရင်လေ ငါသိပ်ရီချင်တာပဲ"

ပြောရင်းဆိုရင်းကို ရီနေပါပြီ။ဒီလို ရယ်မြူးနေပုံထောက်တော့ ဒီနောက်ဆုံးဘာသာကို ကိုယ့်မမဖြေနိုင်ခဲ့ပုံပါပဲ။

ကျွန်တော့်ရဲ့crushWhere stories live. Discover now