Arc (2.2)

2.1K 205 4
                                    

Unicode

Yg တစ်ယောက်အထိန်းတော်ပြင်ဆင်ပေးတာတွေကိုခံယူရင်း

Yg: ထယ်ထယ်....ဇာတ်လိုက်က ကိုယ်ရံတော်ဆိုတော့ ငါ့အနားမှာအမြဲရှိနေမှာပေါ့နော်

Tt: ဟုတ်ပါတယ် host

Yg: အဲ့တာဆို ဇာတ်လိုက်အခုဘယ်မှာတုန်း

Tt: host ကိုအပြင်မှာစောင့်နေပါတယ်

Yg: ငါစဥ်းစားနေတာ...မူလပိုင်ရှင်ရဲ့ဆန္ဒက တိုင်းပြည်ကိုတာဝန်ကျေချင်တာလေ မင်းကြီးမဖြစ်မနေလုပ်ရမယ်လို့မပါဘူးမလား

ထယ်ထယ်ကတော့သူ့ host ရဲ့ပေါက်ကရအတွေးတွေကိုတော်တော်လန့်နေပြီဖြစ်သည်။

Tt: မပါပါဘူး host

Yg: အဲ့တာဆိုရပြီ😏

Tt: host ပေါက်ကရတွေလျှောက်မလုပ်ပါနဲ့ဗျာ

Yg: မလုပ်ပါဘူး...ငါပြောပြမယ် တိုင်းပြည်အတွက်တာဝန်ကျေချင်ရင် မင်းကောင်းမင်းမြတ်လက်ထဲကိုတိုင်းပြည်ကိုထည့်ပေးရမှာပေါ့။ဇာတ်လိုက်ကနဂိုကတည်းက မင်းကောင်းမင်းမြတ်ဘဲလေ။ဇာတ်လိုက်အမုန်းကိုမခံရအောင်ဇာတ်လိုက်နဲ့ဇာတ်လိုက်မကိုလွှတ်ထားပေးလိုက်မယ်။သူတို့နှစ်ယောက်အဆင်ပြေပြီဆိုရင်ငါထီးနန်းလွဲဲပီးတော့အေးအေးချမ်းချမ်းတောရွာလေးမှာနေပြီဘဝတလျှောက်လုံးစိတ်ကြိုက်အိပ်နေတော့မယ်

ထယ်ထယ် ကတော့သူ့ host ရဲ့အကြံအစည်ကိုကြားပြီးလက်ဖျာခါသွားရသည်။

Tt: host....ဇာတ်လိုက်မက..

Yg: ငါသိတယ်..မင်းဘဲစဥ်းစားကြည့်လေ။လုံခြုံရေးတပ်တွေက အားနွဲ့တဲ့မိန်းမနှစ်ယောက်ကိုမနိုင်ဘဲနေမလား။ဒါကိုခွေးသွားပြောရင်တောင် မယုံလို့လိုက်ကိုက်ခံရဦးမယ်။ဇာတ်လိုက်ကသာ မယားတရူးပြီးတော့ အမှားအမှန်မမြင်ဘဲဇွတ်ယုံနေတာ

Tt: ဒါနဲ့များ host ကဇာတ်လိုက်မကိုလွှတ်ပေးဦးမယ်ပေါ့

Yg: မူလပိုင်ရှင်ကိုက အငြိုးတွေကြားမှာမရှင်သန်ချင်တာလေ။ပြီးတော့ဇာတ်လိုက်မကလည်း အာဏာမက်လို့လုပ်တာ။အဲ့တော့သူသိပ်မက်နေတဲ့ အာဏာဆိုတာကြီးကိုသူ့လက်ထဲထိုးသိပ်ပြီးတော့ ငါကတော့အေးအေးချမ်းချမ်းစားလိုက်သောက်လိုက် အိပ်လိုက်နေရမှာ ဘယ်လောက်ကောင်းလဲ

System 13 (season 2 ) (Completed)Where stories live. Discover now