Real life (Final)

1.7K 126 18
                                    

Unicode

Flash back

yg: မောင် မင်းစိတ်ကိုထိန်းစမ်း။

V: ဟင့်အင်း အချစ် သူတို့က မောင့်ရဲ့ ဖိနစ်ငှက်တွေကိုဖမ်းထားတာလေ

yg: ထောင်ချောက်ဖြစ်နေလိမ့်မယ်မောင်။

V: မောင် တို့က ဂရုစိုက်ရမှာလား။ ရာရာစစ မောင့်ရဲ့ ဖိနစ်ငှက်တွေကိုလာထိတာလေ။

yg: ငါရအောင်ကယ်ပေးပါမယ်ကွာ။ မောင် မင်းစိတ်လက်မာန်ပါ တအားမလုပ်နဲ့နော်။ဒီမှာငြိမ်ငြိမ်ထိုင်‌နေကြားလား။ငါ နမ်ဂျွန်တို့နဲ့ သွားတိုင်ပင်လိုက်ဦးမယ်။

yg ထွက်သွားပြီးမကြာခင်။

အောင့်တက်လာတဲ့ ထယ်ယောင်းရဲ့ ရင်ဘတ်။

ဖိနစ်ငှက်တွေဆိုတာ မီးနတ်ဘုရားရဲ့ အသည်းအသက်တွေမို့ သွေးကြောခြင်းဆက်နွယ်မှုရှိပြီးသားပင်။အောင့်တက်လာတဲ့ နှလုံးအခြေအနေအရ မိမိရဲ့ ဖိနှစ်ငှက်ပေါင်းများစွာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေပြီမှန်း သိသာစေသည်။ ဘယ်သူတောင်းစားနတ်ဆိုးက မိမိရဲ့ ဖိနှစ်ငှက်တွေကို နှိပ်စက်နေပြီလဲမသိ။တော်ရုံတန်ရုံဆို မိမိရဲ့ နှလုံးက အောင့်လာစရာအကြောင်းမရှိပေ။

သည်းမခံနိုင်တော့တဲ့အဆုံး နှလုံးသွေးကြောကို အာရုံခံပြီးနောက် ဖိနစ်ငှက်တွေဆီလိုက်သွားလိုက်သည်။

yg: ဟင် မောင် ဘယ်ရောက်သွားတာလဲ။တောက် အတန်တန်တားထားရက်နဲ့ကွာ

RM: အကိုတော် ဘာမှမပူနဲ့။ ကျွန်တော်တို့လိုက်သွားကြမယ်လေ

ယွန်ဂီတို့ နတ်ဆိုးဂူထဲလည်းရောက်ရော မေ့နေတဲ့ ထယ်ယောင်းကို တွဲထားတဲ့ ပန်းနတ်ဘုရားမကြောင့် ယွန်ဂီ မျက်မှောင်ကြုံ့လိုက်သည်။

ခပ်မြန်မြန်ပဲ ချန်းဟွာ လက်ထဲက ထယ်ယောင်းကို ဆွဲယူလိုက်ပြီး

yg: မင်းက ဘယ်လိုလုပ်ဒီဂူထဲရောက်နေတာလဲ

" ကျွန်မကိုနောက်မှ မေးပါ။အခုလောလောဆယ် tae ကို သတိရလာအောင်အရင်လုပ်ရမှာလေ။ "

ယွန်ဂီလည်း ဆက်ပြောမနေတော့ဘဲနဲ့ ထယ်ယောင်းကို သယ်လို့ နန်းဆောင်ဆီ ပြန်လာခဲ့တော့သည်။

System 13 (season 2 ) (Completed)Where stories live. Discover now