End

1.3K 109 3
                                    


Unicode

နောက်ပိုင်း ဇာတ်လမ်းတွေက ရှုပ်ထွေးလာတယ်။ ဒုတိယဇာတ်လိုက်ကလည်း ဂိုဏ်းထဲကကောင်လေးနောက်ကို အသည်းအသန်လိုက်နေသလို V ကလည်း yg မှလွဲ၍ တခြားသူတွေကို လှည့်ပင်မကြည့်။

အခုဆိုရင် yg မှတ်ဉာဏ် အားလုံးပြန်ရနေပြီဖြစ်ပေမယ့် မသိချင်ယောင်ဆောင်ထားတယ်။

ဇာတ်လိုက်မက အခုနောက်ပိုင်းအရမ်း ထူးခြားနေသလိုပင်။သူသိတဲ့တစ်စုံတစ်ယောက်နဲ့တူပေမယ့် မဖြစ်နိုင်ဘူးလို့တွေးနေမိသညါ။တကယ်လို့များ ဇာတ်လိုက်မက သူထင်နေတဲ့သူဖြစ်နေရင်တော့ အဟက်...

yg ရဲ့မျက်နှာမှာနတ်ဆိုးဆန်ဆန်အပြုံးတစ်ခုထွက်ပေါ်လာသည်။

ရုတ်တရက် ပတ်ဝန်းကျင်က အမှောင်ထုဘက်ကိုပြောင်းလဲသွားသည်။

ပြီးတာနဲ့တဆက်တည်းတစ်စုံတစ်ယောက်က yg ရဲ့ ဂုတ်ကိုဆွဲကိုင်ပြီး နံရံနဲ့ ကိုင်ပေါက်လိုက်တယ်။

နံရံကို အရှိန်နဲ့ဆောင့်မိတာကြောင့် yg ခမျာ အင့် ခနဲအသံပင်ထွက်သွားရသည်။

" ဘယ်လိုလဲ မင်ယွန်ဂီ ။ခံစားချက်တွေတော်တော်မှ ကောင်းနေရဲ့လား။ ဟင်း ဟင်း အခုဆိုရင် နင့်ကိုလည်းကယ်မယ့် သူလည်းမရှိတော့ဘူး။ "

ပြောရင်း ကြောင်ပေါက်လေးကို ဆွဲယူကာ နံရံနဲ့ ထပ်ပေါက်လိုက်ပါသော ဇာတ်လိုက်မ maria

သာမန် အားထပ်ပိုနေတာကြောင့် yg သွေးပင်အန်ထုတ်မိသည်။

maria ကတော့ yg ဖြစ်ပျက်နေတဲ့ပုံကိုကြည့်ပြီး လှိုက်လှိုက်လှဲလှဲကို အော်ရယ်တယ်။မျက်နှာမှာလည်း ကျေနပ်မှုကြောင့် ဝင်းပနေသယောင်ပင်။

" ဟင်း ဘယ်လိုလဲ မင်ယွန်ဂီ တော်တော်မှ ခံစားနေရလား။ ငါ့အစီအရင်ကို ဘယ်သူမှလွယ်လွယ်မချိုးဖောက်နိုင်ဘူး။ ငါဒီလိုနေ့ရက်ကို စောင့်နေခဲ့ရတာ။နင့်ကို ငါ့ခြေဖဝါးအောက်မှ ပြားပြားဝပ်နေပြီး အသက်ချမ်းသာပေးဖို့တောင်းပန်နေတဲ့ပုံလေးကို အရသာခံကြည့်နေချင်တာ ဟား..ဟား။။"

အပေါ်ကိုမော့ပြီး စိတ်ကူးနဲ့ရူးနေတဲ့ maria မှာတော့ ရှေ့ကအဖြစ်အပျက်ကို ဂရုမစိုက်နိုင်ဘဲရှိလေသည်။

System 13 (season 2 ) (Completed)Where stories live. Discover now