Arc (3.1)

2.2K 188 4
                                    


Unicode

အား❗❗❗

နောက်ထပ် ကမ္ဘာကိုရောက်ရောက်ချင်း မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် yoongi အန်ထွက်တော့မလိုဖြစ်သွားတယ်။

သူရောက်နေတဲ့နေရာက မှောင်မဲနေတဲ့အခန်းတစ်ခန်းထဲမှာဖြစ်ပြီး တစ်ခန်းလုံးမှာ အလင်းရောင်ဆိုလို့ မာကျူရီမီးလုံးမှိန်မှိန်လေးတစ်လုံးသာ။

အခန်းရဲ့နေရာတိုင်းမှာ သွေးကွက်တွေအနှံ့ပြန့်ကြဲနေပြီး yg ရဲ့ရှေ့တည့်တည့်မှာတော့ ကြိုးတုတ်ထားတဲ့ အလောင်းတစ်လောင်း။ အင်း မိန်းကလေးလို့တော့ ထင်ရတာဘဲ။ ဘာလို့သေချာ မပြောနိုင်လဲသိလား။ ကြိုးတုတ်ထားတဲ့လူရဲ့ မျက်နှာတစ်ခုလုံးကို ဓားနဲ့ပါးပါးမွှန်းထားတဲ့အပြင် မျက်လုံးနှစ်ဖက်ကလည်းဟောက်ပက်ကြီး။

ဘေးနားက ကြမ်းပြင်မှာတော့ အဲ့လူရဲ့ မျက်လုံးနှစ်လုံးက အဖော်မဲ့လျက်။အဲ့လူဝတ်ဆင်ထားတဲ့ hoddieအနက်ရောင်ပွပွကြီးရဲ့ တစ်ချို့တစ်နေရာကလည်းပြဲနေလေရဲ့။ ဥပမာအားဖြင့် ဝမ်းဗိုက်​နေရာ။ လက်နှစ်ဖက်ကလည်း ခန္ဓာကိုယ်နဲ့ ဝေးကွာနေပြီး ကျန်ခဲ့တဲ့ ခန္ဓာကိုယ်ကြီးက တုံးတိကြီး။

တော်ရုံတန်ရုံ မကြောက်တတ်တဲ့ yg တောင်မှ မျက်စိရှေ့က မြင်ကွင်းကြီးကြောင့်နည်းနည်းတုန်လှုပ်မိသွားတယ်။

အခန်းထဲကို ဝေ့ဝိုက်ကြည့်လိုက်တော့ တစ်ခန်းလုံးမှာ သူနဲ့ကိုယ်နဲ့နှစ်ယောက်တည်း။ မဟုတ်မှ.....မဟုတ်မှ ဒါမူလပိုင်ရှင်လုပ်ထားတာလို့တော့လာမပြောကြနဲ့နော်။

Yg: ထယ်ထယ်ရေ..မင်းငါ့ကိုရှင်းပြသင့်ပြီထင်တယ်။

ဘာသံမှပြန်မကြား။

Yg: ထယ်ထယ်....ထယ်ထယ်

အခန်းတစ်ခုလုံးက တိတ်ဆိတ်နေပြီး လေအဝှေ့မှာ သွေးညှီနံတွေက ထောင်းခနဲ။

Yg: ထယ်ထယ်...

Yg အော်ခေါ်နေတုန်း ခေါင်းထဲကိုတိုးဝင်လာတဲ့ အကြောင်းအရာတွေကြောင့် ယိုင်ကျသွားသည်။

ဒီကမ္ဘာကရဲ့ ဇာတ်လိုက်က kim taehyun ။ A city ရဲ့ အချမ်းသာဆုံး kim မိသားစုရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ ဖြစ်တဲ့အပြင် မြေအောက်ဂိုဏ်းတွေထဲက အင်အားအကြီးဆုံးဖြစ်တဲ့ phoenix ( ဖီးနစ်)  ဂိုဏ်းရဲ့ခေါင်းဆောင်။လူအများစုကတော့ သူ့ရဲ့ darkside ကိုမသိကြဘဲ A city ရဲ့ အချမ်းသာဆုံးသခင်လေးလို့ဘဲသိကြတယ်။ဇာတ်လိုက်မကတော့ B city ရဲ့ သူဌေးသမီးတစ်ယောက်။အရမ်းချမ်းသာတဲ့အထဲမပါပေမယ့် B city မှာဆိုရင်တော့ မြို့မျက်နှာဖုံး။ ချွဲလုပ်ငန်းစုရဲ့ သမီး ချွဲအင်ဆောင်း။A city မှာကျောင်းလာတက်ရင်း ဇာတ်လိုက်နဲ့ မတော်တဆတိုက်မိပြီး ဇာတ်လိုက်ကို မသိသလိုပြုမူဆက်ဆံတာကြောင့် ဇာတ်လိုက်ကနည်းနည်းစိတ်ဝင်စားသွားခဲ့တယ်။

System 13 (season 2 ) (Completed)Where stories live. Discover now